back

နေရွှေဝင်းစက်ရုံ၌ လုပ်ခလစာတိုးပေးရန် ဆန္ဒထုတ်ဖော်ခဲ့သည့် အလုပ်သမား ၁၀၀ ကျော် ထပ်မံ အလုပ်ထုတ်ခံရ

May 12 • 3:08 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

နေရွှေဝင်းစက်ရုံ၌ လုပ်ခလစာတိုးပေးရန် ဆန္ဒထုတ်ဖော်ခဲ့သည့် အလုပ်သမား ၁၀၀ ကျော် ထပ်မံ အလုပ်ထုတ်ခံရ

နေရွှေဝင်း (Nay Shwe Win) အထည်ချုပ်စက်ရုံ ဆန္ဒပြမှုတွေမှာ ပါဝင်တဲ့ အလုပ်သမားအဖွဲ့အစည်း သမဂ္ဂ အဖွဲ့ဝင်တွေ အလုပ်ထုတ်ပြီးနောက် နောက်ထပ်ထပ်မံ  အလုပ်သမား ၁၀၀ ကျော်ကိ...

နေရွှေဝင်း (Nay Shwe Win) အထည်ချုပ်စက်ရုံ ဆန္ဒပြမှုတွေမှာ ပါဝင်တဲ့ အလုပ်သမားအဖွဲ့အစည်း သမဂ္ဂ အဖွဲ့ဝင်တွေ အလုပ်ထုတ်ပြီးနောက် နောက်ထပ်ထပ်မံ  အလုပ်သမား ၁၀၀ ကျော်ကို အလုပ်ထုတ်ခဲ့တယ်လို့   သိရပါတယ်။ ဝါးတရာစက်မှုဇုန်ရှိ သမဂ္ဂခေါင်းဆောင်တွေနဲ့ အလုပ်သမား  ၁၉ ဦး  အလုပ်ပြန်ခန့်ပေးဖို့ တောင်းဆိုတဲ့ အလုပ်သမား ၁၀၀ ကျော် ကို  မေ ၁၁ ရက် ညနေပိုင်းမှာ အလုပ်ထုတ်ခဲ့တာဖြစ်ပါတယ်။  လုပ်ခလစာတိုးမြှင့်ပေးဖို့တောင်းဆိုပြီးနောက်ပိုင်း အလုပ်သမားခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင်တွေကို စက်ရုံဘက်က နည်းလမ်းမျိုးစုံနဲ့  အလုပ်ထုတ်ခဲ့တာ ဖြစ်ပါတယ်။လက်ရှိ HR နှင့် Admin မန်နေဂျာက အလုပ်သမားအရေး လှုပ်ရှားသူတစ်ဦး အဖြစ် ၈ နှစ်ဝန်းကျင် လုပ်ကိုင်ခဲ့သူ ဖြစ်ခဲ့ပါတယ်။ မေလ ၁၀ ရက်မှာ   အလုပ်ထုတ်ခံရတဲ့ သမဂ္ဂခေါင်းဆောင်၊ အဖွဲ့ဝင်တွေကို အလုပ်ပြန်ခန့်ဖို့ တောင်းဆိုချက်ကို  ညှိနှိုင်းမှု မလုပ်ဆောင်ဘဲ တောင်းဆိုမှုမှာပါဝင်သူ အလုပ်သမား (၁၀၃)ဦးကို “လုပ်ငန်းခွင်အတွင်း ဝင်ရောက် အလုပ် လုပ်ကိုင်လိုခြင်း မရှိသည့် ဝန်ထမ်း” တွေဆိုပြီး  စွပ်စွဲ အလုပ်ထုတ်ခဲ့တာဖြစ်ပါတယ်။  အဲဒီအလုပ်သမားတွေကို  မေလ (၁၂)ရက်မှာ စက်ရုံအတွင်း   ဝင်ရောက်ခွင့်မပြု ဆိုပြီး ထုတ်ပြန်ထား တာ ဖြစ်ပါတယ်။

“ဒီမနက်မှာ အလုပ်သမား ၁၀၀ ကျော် ကို စက်ရုံထဲ ပေးမဝင်တော့ဘူး။ လူစစ်ပြီး ဝင်ခိုင်းနေတယ်” လို့ ဆန္ဒပြတောင်းဆိုမှုမှာပါဝင်သူ အလုပ်သမားတဦးက ပြောထားပါတယ်။

news-view-count-icon

76