back

​တရုတ်နှင့် ထိုင်းနိုင်ငံတို့၏ ရှစ်ကြိမ်မြောက် Strike 2026 ပူးတွဲစစ်ရေးလေ့ကျင့်မှု ယခုလအတွင်း ပြုလုပ်မည်

May 09 • 4:06 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

​တရုတ်နှင့် ထိုင်းနိုင်ငံတို့၏ ရှစ်ကြိမ်မြောက် Strike 2026 ပူးတွဲစစ်ရေးလေ့ကျင့်မှု ယခုလအတွင်း ပြုလုပ်မည်

တရုတ်နှင့် ထိုင်းနိုင်ငံတို့သည် “Strike-2026” ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မေလလယ်နှင့် လကုန်ပိုင်းတို့တွင် ထိုင်းနိုင်ငံ၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း တရုတ်ကာကွယ်ရေး...

တရုတ်နှင့် ထိုင်းနိုင်ငံတို့သည် “Strike-2026” ပူးတွဲစစ်ရေးလေ့ကျင့်မှုကို မေလလယ်နှင့် လကုန်ပိုင်းတို့တွင် ထိုင်းနိုင်ငံ၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက မေလ ၉ ရက် စနေနေ့တွင် ပြောကြားခဲ့သည်။ တရုတ်အမျိုးသားကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျန်းပင်း (Jiang Bin) က သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ယင်းသို့ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါ လေ့ကျင့်မှုကို “တောင်တန်းနှင့် တောတောင်ထူထပ်သော ဒေသများအတွင်း အကြမ်းဖက်မှုတိုက်ဖျက်ရေး ပူးတွဲစစ်ဆင်ရေးများ” ဆိုသည့် ခေါင်းစဉ်ဖြင့် ပြုလုပ်မည်။




news-view-count-icon

10