ထိုင်းနိုင်ငံတွင် အလုပ်ရှင်များ၏ နှိပ်စက်ခံရသည့် မြန်မာလုပ်သားတစ်ဦးကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးက ထောက်ပံ့ငွေပေးအပ်ကာ တွေ့ဆုံအားပေးခဲ့ကြောင်း သိရသည်။ ထိုင်းသတင်းများတွင် ဖော်ပြမှုများအရ ထိုင်းနိုင်ငံ၊ ချွန်ပူရီခရိုင် ဆောက်လုပ်ရေး ကုမ္ပဏီတစ်ခုတွင် စကားပြန်အလုပ်လုပ်ကိုင်နေသူ မြန်မာနိုင်ငံသားတစ်ဦးကို ပိုင်ရှင်နှင့် တရုတ်နိုင်ငံခြားသားများက ရိုက်နှက်နှိပ်စက်ကာ ရေနွေးပူများဖြင့် လောင်းခဲ့ကြောင်း၊ ရေနွေးပူများကို ပါးစပ်ထဲလောင်းထည့်မည်ဟုလည်း ခြိမ်းခြောက်ခဲ့ကြောင်း သတင်းများက ဖော်ပြခဲ့ပြီး ကျူးလွန်သူသုံးဦးကို ဖမ်းဆီးထားသည်ဟုလည်း သိရသည်။



