back

ဘန်ကောက် Fai Chai လမ်းဆုံအနီး လမ်းကျွံကျမှုဖြစ်ပွား၊ ယာဉ်ကြောပိတ်ဆို့မှုတွေ အလွန်ဆိုးရွားနေ

May 09 • 4:04 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ဘန်ကောက် Fai Chai လမ်းဆုံအနီး လမ်းကျွံကျမှုဖြစ်ပွား၊ ယာဉ်ကြောပိတ်ဆို့မှုတွေ အလွန်ဆိုးရွားနေ

ဘန်ကောက် Charan Sanitwong လမ်းပေါ်က Fai Chai လမ်းဆုံအနီးမှာ ဒီကနေ့ မေလ ၉ ရက် မွန်းလွဲပိုင်းမှာ လမ်းပိုင်းတစ်ခု ကျွံကျမှုဖြစ်ပွားခဲ့တာကြောင့် ယာဉ်ကြောပိတ်ဆို့မှု...

ဘန်ကောက် Charan Sanitwong လမ်းပေါ်က Fai Chai လမ်းဆုံအနီးမှာ ဒီကနေ့ မေလ ၉ ရက် မွန်းလွဲပိုင်းမှာ လမ်းပိုင်းတစ်ခု ကျွံကျမှုဖြစ်ပွားခဲ့တာကြောင့် ယာဉ်ကြောပိတ်ဆို့မှုတွေ အကြီးအကျယ်ဖြစ်ပေါ်နေပါတယ်။ မွန်းလွဲ ၂ နာရီ ၄၂ မိနစ်ဝန်းကျင်မှာ Vichaivej ဆေးရုံအနီးမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး လမ်းမျက်နှာပြင်ဟာ အနက် ၁ မီတာနဲ့ အလျား ၅ မီတာခန့်ရှိတဲ့ ကျင်းကြီးဖြစ်ပြီး ကျွံကျသွားခဲ့တာပါ။ အဲဒီဖြစ်စဉ်ကြောင့် လူတစ်ဦး ဒဏ်ရာရရှိခဲ့ပေမဲ့ အခင်းဖြစ်ပွားရာနေရာမှာပဲ ရှေးဦးသူနာပြုစုမှုခံယူခဲ့ပြီး ဆေးရုံတက်ဖို့ ငြင်းဆိုခဲ့ပါတယ်။ လတ်တလောမှာတော့ Borommaratchachonnani  လမ်းဆုံနဲ့ Bang Khun Non ဘက်ကို ဦးတည်တဲ့ ဥမင်လှိုင်ဂူအနီးမှာ ယာဉ်ကြောတွေ အလွန်အမင်း ပိတ်ဆို့နေတာကြောင့် အဲဒီလမ်းပိုင်းကို တတ်နိုင်သမျှ ရှောင်ကွင်းမောင်းနှင်ကြဖို့ ဒါမှမဟုတ် တခြားလမ်းကြောင်းတွေကနေ ကြိုတင်စီစဉ်သွားလာကြဖို့ သက်ဆိုင်ရာက တိုက်တွန်းထားပါတယ်။




news-view-count-icon

9