back

ကမ္ဘောဒီးယားစစ်သင်တန်းဆင်း တရုတ်တဦး ထိုင်းမှာ လက်နက်များနှင့် ဖမ်းမိ

May 09 • 4:07 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ကမ္ဘောဒီးယားစစ်သင်တန်းဆင်း တရုတ်တဦး ထိုင်းမှာ လက်နက်များနှင့် ဖမ်းမိ

ထိုင်းနိုင်ငံ၊ ချွန်ဘူရီ၊ ဘန်လမွန်ခရိုင်၌ မေလ ၈ ရက် ယမန်နေ့ ညနေ ၆ နာရီတွင် ဘန်လမွန်ခရိုင်၌ ကားတစီး တိမ်းမှောက်ခဲ့ရာ ကားမောင်းသူမှာ မစ္စတာ ဆန်းဖြစ်ပြီး ခရီးသည်မှ...

ထိုင်းနိုင်ငံ၊ ချွန်ဘူရီ၊ ဘန်လမွန်ခရိုင်၌ မေလ ၈ ရက် ယမန်နေ့ ညနေ ၆ နာရီတွင် ဘန်လမွန်ခရိုင်၌ ကားတစီး တိမ်းမှောက်ခဲ့ရာ ကားမောင်းသူမှာ မစ္စတာ ဆန်းဖြစ်ပြီး ခရီးသည်မှာ အသက် ၃၃နှစ်အရွယ် ထိုင်ဝမ်အမျိုးသမီး မာယုဆင်ဖြစ်ကြောင်း၊ မတော်တဆမှုတွင် ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ဘဲ ကားပေါ်၌ စစ်အသုံးအဆောင် လက်နက်များ တွေ့ရှိခဲ့သဖြင့် ရဲတပ်ဖွဲ့သည် ပတ္တရားမြို့ရှိ ၎င်းနေထိုင်ရာ 'The Maple' အိမ်ရာဝင်းအတွင်း နေအိမ်ထိ စုံစမ်းစစ်ဆေးခဲ့ရာ “LOT RTA” အမှတ်အသားပြုထားသည့် စစ်လက်နက်ခဲယမ်း အမြောက်အမြားကို ရှာဖွေတွေ့ရှိခဲ့သည်။ ထို “LOT RTA” အမှတ်အသားမှာ ထိုင်းဘုရင့်တပ်မတော်၏ လက်နက်စက်ရုံမှ တရားဝင်ထုတ်လုပ်ထားသည့် အမှတ်အသားများဖြစ်ပြီး နေအိမ်အတွင်း၌ ဖောက်ခွဲရန် အသင့်ပြင်ထားသည့် C-4 ယမ်းဘီလူးများ တပ်ဆင်ထားသော ကျည်ကာအင်္ကျီတထည်ကို ရှာဖွေတွေ့ရှိခဲ့ပြီးနောက် အနီးနားရှိ ဒေသခံအချို့ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ရကြောင်း သိရသည်။




news-view-count-icon

10