ထိုင်းနိုင်ငံ၊ နခွန်ရာချာစီမာ ပြည်နယ်၊ Pak Chong ဒေသက Chiewchan Industry လုပ်ငန်းစုရဲ့ ပိုင်ရှင်ဖြစ်သူ Mr. Chiewchan Konglim နဲ့ မိသားစုဟာ ၎င်းရဲ့မွေးနေ့အထိမ်းအမှတ်အဖြစ် စုစုပေါင်းတန်ဖိုး ဘတ် ၉၂.၈ သန်းကျော်ရှိတဲ့ ပရဟိတအလှူအတန်းတွေကို ပြုလုပ်ခဲ့ပါတယ်။ မျက်မမြင်ကျောင်းဆောင် တည်ဆောက်ရေးအတွက် ဘတ် ၉ သန်း၊ ဘုန်းတော်ကြီးကျောင်း ပြုပြင်မွမ်းမံရေးနဲ့ ဝေဒနာခံစားနေရတဲ့ သံဃာတော်တွေရဲ့ ဆေးကုသမှုစရိတ်တွေအတွက်လည်း ငွေကြေးအမြောက်အမြား လှူဒါန်းခဲ့ပါတယ်။ အထူးသဖြင့် ကျန်းမာရေးဌာနတွေနဲ့ ဒေသန္တရအဖွဲ့အစည်းတွေအတွက် ဘတ် ၃၇ သန်းတန်ဖိုးရှိတဲ့ အရေးပေါ်လူနာတင်ယာဉ် ၃၁ စီးကိုပါ ထပ်မံလှူဒါန်းခဲ့တာကြောင့် စုစုပေါင်းလှူဒါန်းမှုဟာ ဘတ်သန်း ၁၀၀ နီးပါးအထိ ရှိခဲ့တာ ဖြစ်ပါတယ်။



