back

မိုင်းပန်တွင် တရုတ်ကျားဖြန့် ၃ ဦး ထပ်မံ ဖမ်းဆီးမိ

May 08 • 2:41 PM

breaking-news

မြန်မာ

ရှမ်း

cover

မိုင်းပန်တွင် တရုတ်ကျားဖြန့် ၃ ဦး ထပ်မံ ဖမ်းဆီးမိ

ရှမ်းပြည်တောင်ပိုင်း၊ မိုင်းပန်မြို့နယ်တွင် အွန်လိုင်းငွေလိမ်မှု၌ ပါဝင်သည့် တရုတ်ကျားဖြန့်သမား ၃ ဦးကို ထပ်မံ ဖမ်းဆီးမိသည်ဟု ယနေ့ မေ ၈ ရက်တွင် သတင်းထုတ်ပြန်သည်။မ...

ရှမ်းပြည်တောင်ပိုင်း၊ မိုင်းပန်မြို့နယ်တွင် အွန်လိုင်းငွေလိမ်မှု၌ ပါဝင်သည့် တရုတ်ကျားဖြန့်သမား ၃ ဦးကို ထပ်မံ ဖမ်းဆီးမိသည်ဟု ယနေ့ မေ ၈ ရက်တွင် သတင်းထုတ်ပြန်သည်။မေ ၆ ရက်ည၌ မိုင်းပန်မြို့ အရှေ့မြောက်ဘက် ၁၃ ကီလိုမီတာခန့်အကွာတွင် အွန်လိုင်းငွေလိမ်မှုအတွင်း ပါဝင်နေသည့် တရုတ်ကျားဖြန့် ၂ ဦးကို ဖမ်းဆီးမိခဲ့သည်။ ထိုနေညတွင်ပင် မိုင်းပန်မြို့ မြောက်ဘက် ၁၂ ကီလိုမီတာခန့်အကွာတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက နောက်ထပ် တရုတ်ကျားဖြန့်တစ်ဦးကို ထပ်မံဖမ်းမိခဲ့ရာ တစ်ရက်တည်းအတွင်း စုစုပေါင်း တရုတ်ကျားဖြန့် ၃ ဦးကို ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်ဟု သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ပြီးခဲ့သည့် မေ ၄ ရက်တွင်လည်း မိုင်းပန်မြို့အနီးတွင်ပင် တရုတ် ၅၂ ဦး အပါအဝင် ကျားဖြန့်သမား ၅၅ ဦးကို ဖမ်းဆီးမိခဲ့သေးသည်။



news-view-count-icon

28