back

ပြည်တွင်းသို့ ဒီဇင်ဆီတင်သွင်းခွင့်အပေါ် ကောက်ခံသည့်အခွန်ကင်းလွတ်ခွင့်ကို ရက်တိုးပေးလိုက်ပြီဖြစ်

May 07 • 3:48 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

ပြည်တွင်းသို့ ဒီဇင်ဆီတင်သွင်းခွင့်အပေါ် ကောက်ခံသည့်အခွန်ကင်းလွတ်ခွင့်ကို ရက်တိုးပေးလိုက်ပြီဖြစ်

ပြည်တွင်းသို့ဒီဇင်ဆီတင်သွင်းခွင့်အပေါ် ကောက်ခံတဲ့ အခွန်ကင်းလွတ်ခွင့်ကို မေလ(၃၁)ရက်အထိထပ်မံရက်တိုးပေးလိုက်တယ်လို့ သိရပါတယ်။ဒီဇင်ဆီ(HSD 500ppm)တင်သွင်းခွင့် အပေါ်...

ပြည်တွင်းသို့ဒီဇင်ဆီတင်သွင်းခွင့်အပေါ် ကောက်ခံတဲ့ အခွန်ကင်းလွတ်ခွင့်ကို မေလ(၃၁)ရက်အထိထပ်မံရက်တိုးပေးလိုက်တယ်လို့ သိရပါတယ်။ဒီဇင်ဆီ(HSD 500ppm)တင်သွင်းခွင့် အပေါ်ကောက်ခံတဲ့အကောက်ခွန်၊အထူးကုန်စည်ခွန်၊ကုန်သွယ်လုပ်ငန်းခွန်နဲ့ ကြိုတင်ကောက်ခံတဲ့ဝင်ငွေခွန်(၂)ရာခိုင်နှုန်းတို့ကိုဧပြီလ(၃၀)ရက်အထိကင်းလွတ်ခွင့်ပြုခဲ့ရာမှ မေလ(၁)ရက်မှ မေလ(၃၁)ရက်အထိ ထပ်မံခွင့်ပြုသွားမှာဖြစ်တယ်လို့ဆိုပါတယ်။စက်သုံးဆီဈေးနှုန်းချိန်ညှိနိုင်ရန်အတွက် ဘဏ္ဍာရေးနဲ့အခွန်ဝန်ကြီးဌာနမှ အခုလို ဒီဇယ်တင်သွင်းခွင့်အပေါ် အခွန်ကောက်ခံတာတွေကိုဖြေလျှော့ပေးတာဖြစ်တယ်လို့ သိရပါတယ်။

news-view-count-icon

60