back

မြန်မာနိုင်ငံတစ်ဝန်း၌ ကျောင်းဖွင့်ချိန်ရောက်တော့မည်ဖြစ်၍ ကျောင်းသုံး စာရေးကိရိယာပစ္စည်းများ အရောင်းအဝယ်သွက်နေ

May 07 • 2:52 AM

breaking-news

မြန်မာ

ပြည်တွင်း

cover

မြန်မာနိုင်ငံတစ်ဝန်း၌ ကျောင်းဖွင့်ချိန်ရောက်တော့မည်ဖြစ်၍ ကျောင်းသုံး စာရေးကိရိယာပစ္စည်းများ အရောင်းအဝယ်သွက်နေ

ပြည်တွင်း၌မကြာမီအချိန်မှာ အခြေခံပညာကျောင်းတွေ ပြန်လည်ဖွင့်လှစ်တော့မှာ ဖြစ်တာကြောင့် သင်္ကြန်အပြီး ဧပြီလ လောက်ကတည်းက ကျောင်းသုံးစာရေးကိရိယာပစ္စည်းတွေ ပိုမိုရောင်...

ပြည်တွင်း၌မကြာမီအချိန်မှာ အခြေခံပညာကျောင်းတွေ ပြန်လည်ဖွင့်လှစ်တော့မှာ ဖြစ်တာကြောင့် သင်္ကြန်အပြီး ဧပြီလ လောက်ကတည်းက ကျောင်းသုံးစာရေးကိရိယာပစ္စည်းတွေ ပိုမိုရောင်းချနေရတယ်လို့ ရန်ကုန်မြို့ရှိ စာရေး ကိရိယာအရောင်းဆိုင်တွေဆီက သိရပါတယ်။ကျောင်းတွေ ပြန်လည်ဖွင့်လှစ်တော့မှာဖြစ်လို့ မေလဟာ စာရေးကိရိယာလုပ်ငန်းရဲ့ ဝယ်လိုအား အများဆုံးဖြစ်ပြီး ကျောင်းသားဦးရေကလည်း ပြီးခဲ့တဲ့နှစ်တွေထက် ပိုမိုတိုးပွားလာတာနဲ့အမျှ ဝယ်ရတာရော၊ ရောင်းချရတာရော ပိုမိုတိုးလာတယ်လို့ ရန်ကုန်မြို့၊ သိမ်ကြီးဈေးရှိ ခြင်္သေ့ကမ္ဘာစာရေးကိရိယာဆိုင်ရဲ့ ဆိုင်ပိုင်ရှင်ဖြစ်သူ ကိုရန်လေးက ပြောပါတယ်။ ကျောင်းသုံးစာရေးကိရိယာရောင်းချမှုအနေနဲ့ ကလေးသုံး ဗလာစာအုပ်၊ ခဲတံ၊ ပေတံတွေကို အဓိကရောင်းချနေရ ပြီး ဗလာစာအုပ် တစ်ဒါဇင်ရဲ့အနိမ့်ဆုံးဈေးဟာ ကျပ် ၇,၀၀၀ ကနေ အမြင့်ဆုံး ကျပ် ၁၆,၀၀၀၊ ခဲတံပေတံ တစ်ဘူး ဈေးကလည်း အနိမ့်ဆုံး ကျပ် ၂,၀၀၀ ကနေ အမြင့်ဆုံး ကျပ် ၆,၀၀၀ ဝန်းကျင်လောက်အထိ ပေါက်ဈေးရှိနေတယ် လို့ ဆိုပါတယ်။လက်ရှိမှာ ကျောင်းသုံးကျောပိုးအိတ် ဈေးနှုန်းတွေဟာလည်း ပြီးခဲ့တဲ့နှစ်ဈေးနှုန်းထက် တစ်ဆခွဲ၊ နှစ်ဆ လောက် မြင့်တက်နေပြီး အနိမ့်ဆုံး ကျပ် ၆,၀၀၀ လောက်ကနေ ကျပ် ၁ သိန်းလောက်အထိ ဈေးရှိနေတာဖြစ်ပါတယ်။

news-view-count-icon

45