ရန်ကုန်တိုင်း၌ဒလတံတားသစ်ကြီး ဖွင့်လှစ်လိုက်ပြီးတဲ့နောက် ဒလ-ရန်ကုန် စက်တပ်သမ္ဗန်တွေကို စီးနင်းသူနည်းပါးလာတဲ့အတွက် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ သမ္ဗန်မောင်းနှင်သူတွေရဲ့ပြောကြားချက်အရသိရပါတယ်။အရင်က ဒလမြို့နဲ့ ရန်ကုန်ဘက်ခြမ်းကို ခရီးသည်တွေ သွားလာဖို့ စက်တပ်သမ္ဗာန်တွေကိုသာ အများစု အားကိုးနေရပေမဲ့ အခုအချိန်မှာတံတားပေါ်ကနေ ဖြတ်သန်းသွားနိုင်ပြီဖြစ်တဲ့အတွက် ခရီးသည်ရှားပါးမှုနဲ့ ကြုံလာရတာဖြစ်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သမ္ဗန်တွေအတွက် စက်သုံးဆီလိုသလိုဝယ်ယူခွင့်မရှိတာကလည်း ပြေးဆွဲရာမှာ အခက်အခဲဖြစ်ရတယ်လို့ သမ္ဗန်မောင်းနှင်သူတွေကပြောပါတယ်။တံတားဖွင့်ပြီးတဲ့နောက်မှာ ခရီးသည်စီးနင်းမှုတွေကသုံးချိုးတစ်ချိုးလောက် ပျောက်သွားတယ်လို့ ဒလမြို့နယ်မှ သမ္ဗန်မောင်းနှင်သူ ဦးဝင်းရွှေကပြောပါတယ်။သမ္ဗန်မောင်းနှင်တဲ့သူတွေဟာ အရင်က တစ်ရက်ကို ဝင်ငွေကျပ်ငါးသောင်းလောက်ရရှိကြပေမဲ့ အခုအခါမှာတော့ ကျပ်သုံးသောင်းခန့်ရဖို့တောင် အရင်ကထက် အချိန်တွေတိုးပြီး မောင်းနှင်နေရတယ်လို့ ဆိုပါတယ်။လက်ရှိမှာ ဒလကနေ ရန်ကုန်ကိုသမ္ဗာန်ခမှာ ခရီးသည်တစ်ဦးကိုအသွား ၅၀၀ကျပ်၊ အပြန် ၅၀၀ ကျပ်သတ်မှတ်ထားပါတယ်။
| 31 | 0 | 0 | 0 |


