back

Miss Grand Myanmar ပြိုင်ပွဲစီစဥ်သူနှင့် အလှမယ်အပါအဝင် ၄ ဦးကို အရေးယူထား

May 06 • 4:14 PM

breaking-news

မြန်မာ

ရန်ကုန်

cover

Miss Grand Myanmar ပြိုင်ပွဲစီစဥ်သူနှင့် အလှမယ်အပါအဝင် ၄ ဦးကို အရေးယူထား

ရန်ကုန်မြို့ The Eravati Sule Grand Yangon ဟိုတယ်မှာ မေ ၄ ရက်က ပြုလုပ်ခဲ့တဲ့ Miss Grand Myanmar 2026 ပြိုင်ပွဲမှာ အုပ်ချုပ်ရေးအဖွဲ့ရဲ့ ခွင့်ပြုချက်မရှိဘဲ ပြုလုပ...

ရန်ကုန်မြို့ The Eravati Sule Grand Yangon ဟိုတယ်မှာ မေ ၄ ရက်က ပြုလုပ်ခဲ့တဲ့ Miss Grand Myanmar 2026 ပြိုင်ပွဲမှာ အုပ်ချုပ်ရေးအဖွဲ့ရဲ့ ခွင့်ပြုချက်မရှိဘဲ ပြုလုပ်တဲ့အပြင် သာသနာညှိုးနွမ်းစေတဲ့ လုပ်ရပ်တွေကြောင့် ကျောက်တံတားခရိုင်က အမှုဖွင့်တာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။မေ ၅ ရက် မနက်က သီလရှင်ပုံစံနဲ့ ပြိုင်ပွဲဝင်ခဲ့တဲ့ အလှမယ်နဲ့အတူ ပြိုင်ပွဲကျင်းပရေးနဲ့ ဆက်စပ်သူအားလုံးကို အရေးယူပေးဖို့ ပြည်ထဲရေးဝန်ကြီးဌာနထံ သာသနာရေးဝန်ကြီးက တင်ပြခဲ့တာကြောင့် အရေးယူရတာဖြစ်တယ်လို့ သတင်းရင်းမြစ်က ရှင်းပြပါတယ်။လတ်တလောမှာ ကျောက်တံတားမြို့မရဲစခန်းမှာ ပွဲစီစဥ်သူ မရမ်ဆိုင်းနော်နဲ့ ပွဲဖြစ်မြောက်ရေး တာဝန်ခံ မရမ်လုလုအောင်တို့ကို ပုဒ်မ ၂၆၊ ပုဒ်မ ၂၉၅ (က)၊ တာချီလိတ် အလှမယ် အိမွန်လွင်နဲ့ City Director သန့်ဇင်ဦးတို့ကို ပုဒ်မ ၂၉၅ (က) အမှုဖွင့်ထားပါတယ်။မေ ၄ ရက်က ပြုလုပ်ခဲ့တဲ့ Miss Grand Myanmar 2026 ပြိုင်ပွဲမှာ တာချီလိတ် အလှမယ်က သီလရှင်ဝတ်စုံနဲ့ ဝင်ပြိုင်ခဲ့တဲ့ ဗီဒီယိုဖိုင်မှာ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ခဲ့ပြီးနောက် ဝေဖန်မှုတွေ မြင့်တက်ခဲ့ပါတယ်။သီလရှင်ဝတ်စုံနဲ့ ဝင်ပြိုင်ခဲ့တဲ့ အလှမယ် အိမွန်လွင်ကို မြန်မာပြည် လူဦးရေအများစု ကိုးကွယ်ရာ ဗုဒ္ဓဘာသာကို မထီမဲ့မြင်ပြုရာရောက်တာ စတဲ့ ပြိုင်ပွဲစည်းကမ်းချိုးဖောက်တာကြောင့် ပြိုင်ပွဲကနေ ထုတ်ပယ်ကြောင်း Miss Grand Myanmar Organization အဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။




news-view-count-icon

75