back

ပုသိမ်မြို့၊ ကွမ်းခြံရပ်ကွက်အတွင်း လူနေအိမ်များကြား သိုးမွှေးထည်ချုပ်လုပ်ငန်း တရားမဝင်ဖွင့်လှစ်ထားမှုကြောင့် မီးဘေးနှင့် ဆူညံသံအန္တရာယ် ဒေသခံပြည်သူများစိုးရိမ်

May 06 • 1:50 PM

breaking-news

မြန်မာ

ကရင်

cover

ပုသိမ်မြို့၊ ကွမ်းခြံရပ်ကွက်အတွင်း လူနေအိမ်များကြား သိုးမွှေးထည်ချုပ်လုပ်ငန်း တရားမဝင်ဖွင့်လှစ်ထားမှုကြောင့် မီးဘေးနှင့် ဆူညံသံအန္တရာယ် ဒေသခံပြည်သူများစိုးရိမ်

​ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊ပုသိမ်မြို့၊ အမှတ် (၁) နယ်မြေ၊ ကွမ်းခြံကမ်းနားလမ်းရပ်ကွက်အတွင်းရှိ လူနေအိမ်များအနီးတွင် စနစ်တကျခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်ထားသည့် "မ...

​ဧရာဝတီတိုင်း၊ပုသိမ်ခရိုင်၊ပုသိမ်မြို့၊ အမှတ် (၁) နယ်မြေ၊ ကွမ်းခြံကမ်းနားလမ်းရပ်ကွက်အတွင်းရှိ လူနေအိမ်များအနီးတွင် စနစ်တကျခွင့်ပြုချက်မရှိဘဲ ဖွင့်လှစ်ထားသည့် "မြင့်မြင့်စန်း (ခ) တိုးတက်မြန်မာ" သိုးမွှေးအထည်ချုပ်လုပ်ငန်းကြောင့် ပတ်ဝန်းကျင်ရှိ ဒေသခံပြည်သူများမှာ မီးဘေးအန္တရာယ်နှင့် ဆူညံသံညစ်ညမ်းမှုဒဏ်ကို ပြင်းထန်စွာခံစားနေရကြောင်း သိရသည်။အဆိုပါလုပ်ငန်းကို ကွမ်းခြံတံတားအနီးရှိ ရွှေဆိုင်ပိုင်ရှင် ဦးစိုင်းပိုင်ဆိုင်သော အဆောက်အဦးတွင် တရုတ်နိုင်ငံသားလုပ်ငန်းရှင်များအား တစ်လလျှင် ကျပ်သိန်း (၃၀) ဖြင့် ငှားရမ်းဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း သိရသည်။အဆိုပါစက်ရုံစတင်ဖွင့်လှစ်ရန် ပြင်ဆင်စဉ်က ရာအိမ်မှူး ကိုသက်ဝင်းနှင့် ပွဲစားဖြစ်သူတို့မှ ပတ်ဝန်းကျင်ရှိ အိမ်နီးချင်းများထံ သဘောတူလက်မှတ် လိုက်လံတောင်းခံခဲ့သော်လည်း ဘေးထွက်ဆိုးကျိုးများကြောင့် ဒေသခံပြည်သူများက လက်မှတ်ထိုးပေးခြင်းမရှိဘဲ ကန့်ကွက်ခဲ့ကြသည်။ သို့သော်လည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးအောင်ကျော်ဦးနှင့် လုပ်ငန်းရှင်များ ပူးပေါင်းကာ အိမ်နီးချင်းသဘောတူညီချက်မရှိဘဲ လုပ်ငန်းကို ဆက်လက်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။စက်ရုံရှေ့တွင် မီးလောင်လွယ်သော သိုးမွှေးစများနှင့် စွန့်ပစ်ပစ္စည်းများကို ပုံထားခြင်း၊ စက်ရုံအတွင်း ဒီဇယ်ဆီပေပါများကို စနစ်တကျမဟုတ်ဘဲ သိုလှောင်ထားခြင်းတို့ကြောင့် လက်ရှိနွေရာသီကာလတွင် မီးဘေးအန္တရာယ်ကို အလွန်စိုးရိမ်နေရသည်။ အဆိုပါ ဒီဇယ်ဆီများကို ပွဲရုံလမ်းတွင် နေထိုင်သည့် ကုလားသန်းအောင်၏ဇနီး မညိုဆိုသူထံမှ ဝယ်ယူသိုလှောင်နေခြင်းဖြစ်ကြောင်းလည်း သိရသည်။​ထို့အပြင် အဆိုပါအဆောက်အဦး၏ အပေါ်ဆုံးထပ်တွင် မြန်မာနိုင်ငံသား စိစစ်ရေးကတ်ပြား ကိုင်ဆောင်ထားခြင်းမရှိသည့် တရုတ်နိုင်ငံသားတစ်ဦးနှင့် စကားပြန်တစ်ဦး နေထိုင်လျက်ရှိပြီး ဒုတိယထပ်တွင် အလုပ်သမားများကို ထားရှိကြောင်း သိရသည်။








news-view-count-icon

37