back

ထိုင်း မူယစ်ဆေးစွဲသူ ပြန်လည် သန်စွမ်းရေးစင်တာမှ ဆေးဖြတ်သူရာချီ ထွက်ပြေး

May 06 • 1:48 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်း မူယစ်ဆေးစွဲသူ ပြန်လည် သန်စွမ်းရေးစင်တာမှ ဆေးဖြတ်သူရာချီ ထွက်ပြေး

ထိုင်းတောင်ပိုင်း၊ နာခွန်းဆီသမ်မာနက်ခရိုင်၊ ရူးဆိန်းခရိုင်ခွဲ အမှတ် (၃) ရပ်ကွက်ရှိ မူးယစ်ဆေးသားကောင်များ ပြန်လည်သန်စွမ်းရေးစင်တာမှ ဆေးဖြတ်သူရာချီ ယနေ့တွင် ထွက်ပ...

ထိုင်းတောင်ပိုင်း၊ နာခွန်းဆီသမ်မာနက်ခရိုင်၊ ရူးဆိန်းခရိုင်ခွဲ အမှတ် (၃) ရပ်ကွက်ရှိ မူးယစ်ဆေးသားကောင်များ ပြန်လည်သန်စွမ်းရေးစင်တာမှ ဆေးဖြတ်သူရာချီ ယနေ့တွင် ထွက်ပြေးမှုကြောင့် အုတ်အော် သောင်းနင်းဖြစ်ကာ ဒေသခံရဲ၊ လုံခြုံရေးအာဏာပိုင်များ အင်အားသုံးပြီး ပြန်လည် ထိန်းသိမ်းခဲ့ရသည်။ယင်းစင်တာတွင် မူးယစ်ဆေးဖြတ်သူ ၅၀၀ ကျော်ရှိပြီး နံနက်အစောပိုင်း တံခါးဖွင့်ချိန်တွင် စင်တာ၌ တစ်နှစ်နီးပါး နေထိုင်ခဲ့ကြပြီး စိတ်ဖိစီးကာ ထွက်ပြေးလိုသည့် လူ ၁၀ ဦးက ဦးဆောင် ထွက်ပြေးရာတွင် အခြားလူရာကျော်သည်လည်း ရောယောင်ပြီး ၀ရုန်းသုန်းကာ ထွက်ပြေးကုန်သဖြင့် ဒေသခံရဲများ၊ အာဏာပိုင်များအားလုံး အင်အားအလုံးအရင်းဖြင့် ပြန်လိုက်ရှာကာ ခေါ်ယူ ထိန်းသိမ်းခဲ့ကြရသည်။ထွက်ပြေးသူရာချီကို မည်သည့်နေရာတွင် ရှိကြောင်း ရှာတွေ့ သိရှိပြီးဖြစ်သလို အများစုကို စင်တာသို့ ပြန်ပို့ပြီး အယောက် ၃၀ ဝန်းကျင်မှာမူ မိသားစုနေအိမ်များသို့ ကောင်းမွန်စွာ ပြန်ရောက်ရှိကြသည်ဟု ထုတ်ပြန်ခဲ့သည်။ လက်ရှိတွင်မူ မူးယစ်ဆေးဖြတ်စင်တာကို ယာယီပိတ်ထားသည်။




news-view-count-icon

10