back

အပူချိန်မြင့်မားမှုကြောင့် ပြည်သူများ ပန်းခြံများ၊စျေးဝယ်စင်တာနှင့် အရိပ်ရနေရာများသို့ အပူရှောင်လာကြ

May 06 • 1:47 PM

breaking-news

မြန်မာ

ရန်ကုန်

cover

အပူချိန်မြင့်မားမှုကြောင့် ပြည်သူများ ပန်းခြံများ၊စျေးဝယ်စင်တာနှင့် အရိပ်ရနေရာများသို့ အပူရှောင်လာကြ

လက်ရှိတွင် ရန်ကုန်မြို့၌ နေ့လယ်ဘက်အပူချိန်မှာ အလွန်ပြင်းထန်နေပြီး လျှပ်စစ်မီးမှာလည်း ပုံမှန်ရ ရှိခြင်း မရှိဘဲ အချိန်ကြာမြင့်စွာ ပြတ်တောက်နေသဖြင့် အိမ်အတွင်းအိုက...

လက်ရှိတွင် ရန်ကုန်မြို့၌ နေ့လယ်ဘက်အပူချိန်မှာ အလွန်ပြင်းထန်နေပြီး လျှပ်စစ်မီးမှာလည်း ပုံမှန်ရ ရှိခြင်း မရှိဘဲ အချိန်ကြာမြင့်စွာ ပြတ်တောက်နေသဖြင့် အိမ်အတွင်းအိုက်စပ်မှုဒဏ်ကို မခံနိုင်ကြတော့ဘဲ အပြင် ထွက်၍ အပူရှောင်သူများပြားလာခြင်းဖြစ်သည်။ထို့အတူ အဲကွန်းအအေးဓာတ် အမြဲရရှိသည့် ဈေးဝယ်စင်တာကြီးများမှာလည်း ယခုရက်ပိုင်းအတွင်း ကြားရက်များ၌ပင် လူစည်ကားလျက်ရှိပြီး အလုပ်လုပ်ကိုင်သူများ နှင့် လူငယ်လူရွယ်များမှာလည်း စင်တာများ အတွင်းရှိ ကော်ဖီဆိုင်၊ စားသောက်ဆိုင်များတွင် ဖုန်း၊ Laptop များဖြင့် အလုပ်လာလုပ်ခြင်း၊Zoom မှတစ်ဆင့် စာသင်ကြား ခြင်းတို့ကို ပြုလုပ်လာကြကြောင်း စင်တာအတွင်း ဖွင့်လှစ်ထားသော ကော်ဖီဆိုင်ပိုင်ရှင်တစ်ဦး က ဆို သည်။မေလသည် များသောအားဖြင့် နွေရာသီ၏ အပူဆုံးကာလမှ မိုးဦးအကြိုကာလသို့ ကူးပြောင်းသည့် အချိန် ဖြစ်ခြင်းကြောင့် အပူရှိန်မြင့်မားလေ့ရှိရာ ၂၀၂၆ ခုနှစ် မေလ ၁ ရက် မှ မေလ ၅ ရက်အတွင်း မိုး/ဇလမှ ထုတ်ပြန် ထားချက်များအရ ရန်ကုန်တွင် ပျမ်းမျှအပူချိန်သည် အမြင့်ဆုံးအပူချိန် ၃၈ ဒီဂရီစင်တီဂရိတ်အထိ မြင့်တက်ခဲ့ပြီး ချောက်၊ ညောင်ဦး၊ မကွေး၊ မန္တလေး၊ မုံရွာ စသည့်မြို့များတွင် ပျမ်းမျှအပူချိန်မှာ ၄၁ မှ ၄၅ ဒီဂရီစင်တီဂရိတ် အထိ ရှိခဲသည်။ 




news-view-count-icon

23