နေပြည်တော် အရှေ့ဖျားတောင်ပေါ်ဒေသများနှင့် ပင်လောင်းမြို့နယ်များအတွင်း စိုက်ပျိုးသည့် ရွှေနီငှက် ပျောနှင့် ရခိုင်ငှက်ပျောများမှာနေပြည်တော်ဈေးကွက်အတွင်းသို့ ဝင်ရောက်လာကြောင်း ငှက်ပျောရောင်း ဝယ်သူများထံမှ သိရသည်။ယခုအချိန်လမ်းပမ်းဆက်သွယ်ရေးကောင်းမွန်သည့်အတွက် ငှက်ပျောခိုင်များမှာ အခိုင်များပါက ပင် လောင်း မှ ကားစင်းလုံးငှားပြီး သယ်ယူရသော်လည်း အခိုင်နည်းပါက ပင်လောင်းကားဖြင့် တပ်ကုန်း-ကင်းသာ လမ်း ဆုံအထိ သယ်ယူလေ့ရှိကြသည်။တပ်ကုန်း-ကင်းသာလမ်းဆုံမှတစ်ဆင့် ပျဉ်းမနား၊ သပြေကုန်းအထိ လိုင်းကားဖြင့်တစ်ဆင့် သယ်ယူ ရောင်းချကြရကြောင်း သိရသည်။ နေပြည်တော်တွင် ရွှေနီငှက်ပျော တစ်ဖီးလျှင် ၁၅၀၀၀ ကျပ်ရှိပြီး အလုံးလှရှယ် ဖီးဖြစ်ပါက ၂၀၀၀၀ ကျပ်အထိ ရောင်းချကြကြောင်း၊ ရခိုင်ငှက်ပျောမှာ တစ်ဖီးလျှင် ၂၅၀၀မှ ၃၀၀၀ ကျပ်အထိ ရောင်းရကြောင်း သိရသည်။



