back

တရုတ်နိုင်ငံမှာ အမြင့်ဒန်းကြိုးပြတ်ကျလို့ အမျိုးသမီးတဦး သေဆုံး၊ စွန့်စားခန်းကစားနည်းများရဲ့ လုံခြုံရေးအပေါ် စိုးရိမ်မှုများ မြင့်တက်နေ

May 06 • 4:15 PM

breaking-news

တရုတ်

ပြည်တွင်းသတင်း

cover

တရုတ်နိုင်ငံမှာ အမြင့်ဒန်းကြိုးပြတ်ကျလို့ အမျိုးသမီးတဦး သေဆုံး၊ စွန့်စားခန်းကစားနည်းများရဲ့ လုံခြုံရေးအပေါ် စိုးရိမ်မှုများ မြင့်တက်နေ

တရုတ်နိုင်ငံ၊ စီချွန်းပြည်နယ်၊ ကွမ်အန်းမြို့ (Guang’an) ရှိ ဟွာရင်းတောင် အပန်းဖြေစခန်းမှာ မေလ ၃ ရက်နေ့က "Waterfall Swing" (ရေတံခွန်အလှကြည့်ဒန်း) စီးနေတဲ့အမျိုးသ...

တရုတ်နိုင်ငံ၊ စီချွန်းပြည်နယ်၊ ကွမ်အန်းမြို့ (Guang’an) ရှိ ဟွာရင်းတောင် အပန်းဖြေစခန်းမှာ မေလ ၃ ရက်နေ့က "Waterfall Swing" (ရေတံခွန်အလှကြည့်ဒန်း) စီးနေတဲ့အမျိုးသမီးတဦး ကြိုးပြတ်ကျကာ သေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။အဆိုပါ အမျိုးသမီးက အမြင့်မှာ ဒန်းစီးနေစဉ် ရုတ်တရက် ကြိုးပြတ်တောက်ပြီး အောက်သို့ ပြုတ်ကျခဲ့ခြင်းဖြစ်ကာ ဆေးရုံသို့ ပို့ဆောင်စဉ်အတွင်း ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး စက်ကိရိယာ ကြံ့ခိုင်မှုအားနည်းခြင်းနှင့် ဘေးကင်းလုံခြုံရေး စစ်ဆေးမှု လိုအပ်ချက်များကို မီးမောင်းထိုးပြနေတာကြောင့် တရုတ်အာဏာပိုင်များအနေနဲ့ ခရီးသွားလုပ်ငန်းအတွင်းရှိ အမြင့်စွန့်စားခန်း ကစားနည်းများကို ပိုမိုတင်းကျပ်စွာ စစ်ဆေးဖို့ တရုတ်ပြည်သူ တွေက တောင်းဆို ထားတာတွေ့ရပါတယ်။



news-view-count-icon

3