လက်ရှိအခြေအနေမှာ ရေအားလျှပ်စစ်စက်ရုံတစ်ချို့နဲ့ မဟာဓာတ်အားလိုင်းတွေ ဖျက်စီးခံထားရမှုကြောင့် အခုလိုအပူချိန်မြင့်မားတဲ့ချိန်နဲ့ ရေလှောင်တမံတွေရေနည်းလာချိန်တို့မှာ သဘာဝဓာတ်ငွေ့ကို ပိုမိုအသုံးပြုပြီး လျှပ်စစ်ဓာတ်အားတွေထုတ်လုပ်ပေးနေရတယ်လို့ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်က ပြောပါတယ်။မေလ ၅ ရက် နေ့လယ်ပိုင်းအချိန်က နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ရုံးအမှတ် (၂၇)မှာပြုလုပ်တဲ့ မိုးရာသီကာလအတွင်း လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပို့လွှတ်ဖြန့်ဖြူးမယ့်အခြေအနေတွေနဲ့ပတ်သက်တဲ့ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးမှာ အခုလိုထည့်သွင်းပြောကြားခဲ့တာပါ။လာမယ့် မိုးရာသီကာလအတွင်း ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံတွေ စက်စွမ်းအားနဲ့ လည်ပတ်နိုင်ဖို့ လိုအပ် တာတွေ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမှာဖြစ်ပြီး မိမိတို့နိုင်ငံရဲ့ ဓာတ်အားထုတ်လုပ်မှုဟာ ရေအားလျှပ်စစ် စက်ရုံတွေနဲ့ သဘာဝဓာတ်ငွေ့စက်ရုံတွေကို အသုံးပြုနေရတယ်လို့လည်းပြောပါတယ်။ 
May 06 • 2:40 AM
မြန်မာ
ပြည်တွင်း
မျှဝေမည်
| 38 | 0 | 0 | 0 |


