back

ချယ်လ်ဆီးအသင်းရဲ့စွမ်းဆောင်ရည်ကို စိတ်ပျက်မိတယ်လို့ ယာယီနည်းပြ ဝန်ခံ

May 06 • 2:41 AM

breaking-news

မြန်မာ

ပြည်ပ

cover

ချယ်လ်ဆီးအသင်းရဲ့စွမ်းဆောင်ရည်ကို စိတ်ပျက်မိတယ်လို့ ယာယီနည်းပြ ဝန်ခံ

ချယ်လ်ဆီးအသင်းယာယီနည်းပြ ကာလမ်မက်ဖာလိန်းက နော်တင်ဟမ်ကို ၁-၃ ဂိုးနဲ့ အရေးနိမ့်တဲ့ပွဲက အသင်းစွမ်းဆောင်ရည်ကို စိတ်ပျက်မိတယ်လို့ ဝန်ခံခဲ့ပါတယ်။၎င်းက ချယ်လ်ဆီးအသင်းရ...

ချယ်လ်ဆီးအသင်းယာယီနည်းပြ ကာလမ်မက်ဖာလိန်းက နော်တင်ဟမ်ကို ၁-၃ ဂိုးနဲ့ အရေးနိမ့်တဲ့ပွဲက အသင်းစွမ်းဆောင်ရည်ကို စိတ်ပျက်မိတယ်လို့ ဝန်ခံခဲ့ပါတယ်။၎င်းက ချယ်လ်ဆီးအသင်းရဲ့ပွဲအစကစားပုံဟာ လက်ခံနိုင်စရာမရှိဘူးလို့လည်း မှတ်ချက်ပြုခဲ့ပါတယ်။ချယ်လ်ဆီးအသင်းဟာ ပွဲအစ နှစ်မိနစ်မှာပဲ နော်တင်ဟမ်ဘက်ကို ဦးဆောင်ဂိုး ပေးလိုက်ရတာဖြစ်ပြီး ပွဲချိန် ၁၅ မိနစ်နောက်ပိုင်းမှာ ပွဲကို လွှမ်းမိုးလာနိုင်ခဲ့ပါတယ်။ချယ်လ်ဆီးအသင်းဟာ ၁၉၉၃ ခုနှစ်ကတည်းက ပထမဆုံးအဖြစ် ပရီးမီးယားလိဂ် ခြောက်ပွဲဆက် အရေးနိမ့်ခဲ့တာဖြစ်တယ်။လက်ရှိ အမှတ်ပေးဇယားမှာလည်း အဆင့် ၉ နေရာ ရောက်နေပြီး ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ရပါတယ်။

news-view-count-icon

27