Seasia Stats ရဲ့ စာရင်းဇယားတွေအရ ထိုင်းနိုင်ငံသားတွေဟာ တခြားနိုင်ငံအများစုနဲ့နှိုင်းယှဉ်ရင် ရေချိုးတဲ့အကြိမ်ရေ ပိုများတာကို တွေ့ရပါတယ်။ ကမ္ဘာပေါ်မှာ ဘရာဇီးက တစ်ပတ်ကို ၁၄ ကြိမ်နဲ့ အဆင့် ၁ မှာ ရှိနေပြီး ကိုလံဘီယာက ဒုတိယ၊ ထိုင်းနဲ့ ဖိလစ်ပိုင်တို့ကတော့ တစ်ပတ်ကို ၁၁ ကြိမ်နဲ့ တတိယနေရာမှာ ပူးတွဲရပ်တည်နေပါတယ်။ အင်ဒိုနီးရှား၊ မက္ကဆီကိုနဲ့ အမေရိကန်တို့လည်း ထိပ်တန်းစာရင်းထဲမှာ ပါဝင်နေပါတယ်။အခုလို ရေချိုးကြိမ်ရေ များရတဲ့ အဓိကအကြောင်းရင်းကတော့ ရာသီဥတုကြောင့်ပဲ ဖြစ်ပါတယ်။ အပူပိုင်းဒေသမှာရှိတဲ့ နိုင်ငံတွေမှာ အပူရှိန်နဲ့ စိုထိုင်းဆ မြင့်မားတာကြောင့် ချွေးထွက်များပြီး နေရထိုင်ရ ခက်ခဲတတ်ပါတယ်။ ဒါကြောင့် အဲဒီဒေသတွေမှာ ရေချိုးတာဟာ တစ်ကိုယ်ရေသန့်ရှင်းရေးအတွက်တင် မဟုတ်ဘဲ ခန္ဓာကိုယ်ကို အေးမြစေဖို့အတွက်ပါ မရှိမဖြစ် လိုအပ်တဲ့ အလေ့အထတစ်ခု ဖြစ်နေတာပါ။



