back

ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ သံလွင်တံတား တာကော်ဂိတ်တွင် ခရီးသွားအမျိုးသမီးများကို သွားလာခွင့်ပိတ်ပင်ပြီး ငွေညှစ်တောင်းနေ

May 05 • 4:56 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်အရှေ့ပိုင်းရှိ သံလွင်တံတား တာကော်ဂိတ်တွင် ခရီးသွားအမျိုးသမီးများကို သွားလာခွင့်ပိတ်ပင်ပြီး ငွေညှစ်တောင်းနေ

ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို သံလွင်မြစ်ကူး တာကော်တံတားရှိ စစ်ဆေးရေးဂိတ်၌ အကြောင်းမဲ့ တားဆီးခြင...

ရှမ်းပြည်အရှေ့ပိုင်း တာချီလိတ်မြို့သို့ အလုပ်သွားလုပ်မည့် ပြည်မဘက်မှ ခရီးသွားအမျိုးသမီးများကို သံလွင်မြစ်ကူး တာကော်တံတားရှိ စစ်ဆေးရေးဂိတ်၌ အကြောင်းမဲ့ တားဆီးခြင်း၊ မှတ်ပုံတင် သိမ်းဆည်းခြင်းနှင့် ငွေညှစ်တောင်းခံခြင်းများ ပြုလုပ်နေကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူများက ပြောသည်။ယမန်နေ့ (မေလ ၃ ရက်) တွင် ကာလိမြို့နှင့် မိုင်းပျဉ်းမြို့ကြား သံလွင်မြစ်ကူး တာကော်တံတားရှိ စစ်ဆေးရေးဂိတ်တွင် စစ်ကိုင်းတိုင်း (၅ မျဉ်းစောင်း)၊ မကွေးတိုင်း (၈ မျဉ်းစောင်း)၊ ပဲခူးတိုင်း (၇ မျဉ်းစောင်း) နှင့် ရန်ကုန်တိုင်း (၁၂ မျဉ်းစောင်း) မှတ်ပုံတင် ကိုင်ဆောင်ထားသည့် အမျိုးသမီးငယ်များ ခရီးသွားလာခွင့်ကို အဓိက ပစ်မှတ်ထား တားမြစ်ပိတ်ပင်နေခြင်း ဖြစ်ကြောင်း ခရီးသွားများထံမှ သိရသည်။ ထို့အပြင် ခရီးသွားပြည်သူများကို ရိုင်းစိုင်းစွာ ဆဲဆိုခြင်း၊ ဖုန်းများ သိမ်းဆည်းခြင်းနှင့် မှတ်ပုံတင်များကို ပြန်မပေးဘဲ အဓမ္မ သိမ်းဆည်းထားခြင်းများပါ ရှိနေကြောင်း ဆိုသည်။

news-view-count-icon

65