ကချင်ပြည်နယ် မြစ်ကြီးနားမြို့အနီးမှာ ရစ်(ခ်)တာစကေး (၄.၅) အဆင့်ရှိ မြေငလျင်တခု လှုပ်ရှားသွားပြီး ဖားကန့်၊ မိုးကောင်းမြို့နယ်တွေမှာလည်း မြေလွှာလှုပ်ရှားမှုဖြစ်ခဲ့ပါတယ်။ဒီနေ့ မေလ ၅ရက် မနက် ၁၀နာရီ ၅၀မိနစ်ခန့်မှာ ငလျင်လှုပ်ရှားသွားတာဖြစ်ပါတယ်။မြစ်ကြီးနားမြို့အနီးကို ဗဟိုပြုပြီး မြေအနက် ၆မိုင်ခန့်မှာ လှုပ်သွားတာလို့ အမေရိကန်ဘူမိလေ့လာရေးဌာန USGS ထုတ်ပြန်ထားပါတယ်။မိုးဇလကမြစ်ကြီးနားမြို့အနောက်-အနောက်တောင်ဘက်၉၅ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀ကီလိုမီတာခန့်ကိုဗဟိုပြုပြီး လှုပ်ရှားသွားတာလို့ သတင်းထုတ်ပြန်ထားပါတယ်။မြစ်ကြီးနားမြို့နဲ့ ဖားကန့်မြို့ဟာ မိုင်၁၀၀ကျော် ကွာဝေးပြီး ဒီနေ့ မနက်လှုပ်ရှားတဲ့ငလျင်ကြောင့် ဖားကန့်ဒေသခံတွေလည်း စိုးရိမ်ခဲ့ကြပါတယ်။ငလျင်ကြောင့် ထိခိုက်ပျက်စီးမရှိဘူးလို့ ဒေသခံအချို့ကပြောပါတယ်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အနီး ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ အင်အား ၄.၅အဆင့် ငလျင် ဖားကန့်အထိသက်ရောက်ခဲ့
May 05 • 6:00 AM
မြန်မာ
ကချင်
မျှဝေမည်
| 71 | 0 | 0 | 0 |


