အာဆင်နယ်အသင်းနည်းပြ အာတေတာက ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့မှာ ဗိုလ်လုပွဲတက်နိုင်ဖို့ အစွမ်းကုန်ကြိုးစားသွားမယ်လို့ ပြောကြားခဲ့ပါတယ်။၎င်းက ပြိုင်ဘက် အက်သလက်တီကိုအသင်းကို သားရဲတိရစ္ဆာန်လို စိတ်ဓာတ်မျိုးနဲ့ ရင်ဆိုင်ဖို့ အသင့်ရှိနေပြီလို့ ဆိုပါတယ်။မက်ဒရစ်မြေမှာ တစ်ဂိုးစီ သရေကစားထားနိုင်ခဲ့လို့လည်း အာဆင်နယ်အသင်းအဖို့ အလားအလာ ပိုကောင်းနေပါတယ်။ဒါ့အပြင် ပရီးမီးယားလိဂ်မှာ အခြေအနေပြန်ကောင်းလာလို့ အာဆင်နယ်အနေနဲ့ ယုံကြည်မှု ပိုမြင့်မားလာနိုင်ပါတယ်။အာဆင်နယ်အသင်းဟာ နှစ် ၂၀ အကြာမှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲ ပြန်တက်ဖို့ အနီးစပ်ဆုံး အနေအထားကို ရောက်နေတာပါ။၂၀၀၆ ဗိုလ်လုပွဲကို သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် တက်လှမ်းခဲ့ပြီး ဘာစီလိုနာကို ၁-၂ ဂိုးနဲ့ အရေးနိမ့်ခဲ့ရပါတယ်။



