back

ရန်ကုန်- မာန်အောင် လေကြောင်းလက်မှတ်များ သတ်မှတ်ဈေးထပ် နှစ်ဆတင်ကာ ရောင်းချနေလို့ ဖြေရှင်းပေးရန် ဒေသခံပြည်သူများ တောင်းဆိုနေ

May 05 • 2:43 AM

breaking-news

မြန်မာ

ရန်ကုန်

cover

ရန်ကုန်- မာန်အောင် လေကြောင်းလက်မှတ်များ သတ်မှတ်ဈေးထပ် နှစ်ဆတင်ကာ ရောင်းချနေလို့ ဖြေရှင်းပေးရန် ဒေသခံပြည်သူများ တောင်းဆိုနေ

ရခိုင်ပြည်၊ မာန်အောင်မြို့ကို ရန်ကုန်ကနေ ပျံသန်းနေတဲ့ လေယာဉ် စျေးနှုန်းခမှာ သတ်မှတ်ချက်ထက် ၂ ဆကျော်မြင့်တက်နေတဲ့အတွက် ပြည်သူတွေ သွားလာရေး လွယ်ကူစေရေးအတွက် ဖြေရှ...

ရခိုင်ပြည်၊ မာန်အောင်မြို့ကို ရန်ကုန်ကနေ ပျံသန်းနေတဲ့ လေယာဉ် စျေးနှုန်းခမှာ သတ်မှတ်ချက်ထက် ၂ ဆကျော်မြင့်တက်နေတဲ့အတွက် ပြည်သူတွေ သွားလာရေး လွယ်ကူစေရေးအတွက် ဖြေရှင်းပေးဖို့ ဒေသခံပြည်သူတွေက လိုလားနေကြပါတယ်။လက်ရှိ ရန်ကုန်- မာန်အောင် လေယာဉ် လက်မှတ် တစ်ကြောင်းမှာ သတ်မှတ်စျေး ကျပ်ခြောက်သိန်း ငါးသောင်း ( ၆၅၀,၀၀၀)သာရှိပေမယ့်လည်း မာန်အောင်ကနေ ရန်ကုန်သို့ အပြန် လက်မှတ် တစ်စောင်မှာ ကျပ် တစ်ဆယ့်ငါးသိန်း (၁၅၀၀,၀၀၀) ထိ စျေးမြင့်ရောင်းချနေတယ်လို့ သိရပါတယ်။ သတ်မှတ် လေယာဉ်လက်မှတ်ဈေးနှုန်းတွေမှာ မာန်အောင်-ရန်ကုန် ၆၅၀,၀၀၀ ကျပ်၊ ရန်ကုန်-မာန်အောင် ၆၅၀,၀၀၀ ကျပ်၊ မာန်အောင်-ကျောက်ဖြူ ၁၂၀,၀၀၀ ကျပ်၊ ကျောက်ဖြူ-မာန်အောင် ၁၂၀,၀၀၀ ကျပ် ဖြစ်တယ်လို့ သိရပါတယ်။ မာန်အောင်လေဆိပ်ဝန်ဆောင်မှုလုပ်ငန်း(Ground Service)နဲ့ လေယာဉ်လက်မှတ်တွေကို မာန်အောင်အများပိုင်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက် ရောင်းချပေးနေတယ်လို့ သိရပါတယ်။

news-view-count-icon

53