ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ကြို့ပင်ကောက်မြို့၊ သဲကုန်းရပ်ကွက်၊ အောင်မင်္ဂလာလမ်းတွင် ယနေ့ ၅.၅.၂၀၂၆ ရက်နေ့၊ ၀၄နာရီ ၃၀မိနစ်အချိန်ခန့်၊လူနေအိမ်မီးလောင်မှုဖြစ်ပွားခဲ့ပါသည်။ထို့ကြောင့် ကြို့ပင်ကောက်မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ ရေသယ်ယာဉ်(၂)စီး၊ ကြို့ပင်ကောက်အရန်မီးသတ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၂)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ၀၄နာရီ ၄၅ မိနစ်အချိန် မီးငြှိမ်းပါသည်။
May 05 • 2:41 AM
မြန်မာ
ပဲခူး
မျှဝေမည်
| 31 | 0 | 0 | 0 |


