back

ထိုင်းနိုင်ငံ၊ဘန်ကောက်မှာ အစိုးရမီးလိုင်းကို ခိုးသုံးပြီး Bitcoin စက်တွေနဲ့ ငွေရှာတဲ့ မြန်မာ အမျိုးသမီး ဖမ်းဆီးခံရ

May 05 • 2:44 AM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံ၊ဘန်ကောက်မှာ အစိုးရမီးလိုင်းကို ခိုးသုံးပြီး Bitcoin စက်တွေနဲ့ ငွေရှာတဲ့ မြန်မာ အမျိုးသမီး ဖမ်းဆီးခံရ

ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI) နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ၂၀၂၆ ခုနှစ် မေလ ၃ ရက်နေ့မှာ ဘန်ကောက်မြို့၊ ဘန်ခွန်သီယမ် (Bang Khun Thian) လမ်းဘေးတစ်နေရာမှာ ဝရမ်း...

ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန (DSI) နဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ ၂၀၂၆ ခုနှစ် မေလ ၃ ရက်နေ့မှာ ဘန်ကောက်မြို့၊ ဘန်ခွန်သီယမ် (Bang Khun Thian) လမ်းဘေးတစ်နေရာမှာ ဝရမ်းပြေးဖြစ်နေတဲ့ မြန်မာအမျိုးသမီး မA (အမည်လွှဲ) ကို ဖ-မ်းဆီးလိုက်ပါတယ်။ သူမဟာ ၂၀၂၃ ခုနှစ်ကနေ ၂၀၂၅ ခုနှစ်အစောပိုင်းအထိ စမွတ်စာခွန်နဲ့ အနီးတဝိုက်ပြည်နယ်တွေမှာ အစိုးရလျှပ်စစ်မီးကို ခိုးယူပြီး ဘစ်ကွိုင် (Bitcoin) တရားမဝင်တူးဖော်တဲ့ ဂိုဏ်းမှာ ပါဝင်ပတ်သက်နေသူ ဖြစ်ပါတယ်။ ဒီမြန်မာအမျိုးသမီးဟာ အဆိုပါဂိုဏ်းခေါင်းဆောင်နဲ့ နီးကပ်တဲ့ ဆက်ဆံရေးရှိသူဖြစ်ပြီး ထိုင်းလုပ်သားတွေကို စုဆောင်းပေးတာ၊ ထိုင်းနိုင်ငံသားတွေနဲ့ ချိတ်ဆက်ပေးတာအပြင် အစိုးရဝန်ထမ်းအချို့နဲ့ပါ ပူးပေါင်းပြီး ဘစ်ကွိုင်တူးစက်တွေ ထားရှိဖို့ လျှို့ဝှက်ဂိုဒေါင်တွေကို ရှာဖွေပေးခဲ့သူ ဖြစ်ပါတယ်။ သူမအပေါ် စွဲဆိုထားတဲ့ ပြစ်မှုတွေထဲမှာ ကွန်ပျူတာစနစ်ကို နှောင့်ယှက်ဖျက်ဆီးမှု၊ ညဘက်တွင် ခိုးမှုကျူးလွန်မှုနဲ့ ငွေကြေးခဝါချမှု စတဲ့ ကြီးလေးတဲ့အမှုတွေ ပါဝင်နေပါတယ်။လက်ရှိမှာတော့ တရားခံကို အထူးစုံစမ်းစစ်ဆေးရေးယူနစ်ဆီ လွှဲပြောင်းပေးလိုက်ပြီဖြစ်ပြီး ဥပဒေအရ ဆက်လက်အရေးယူသွားမှာ ဖြစ်ပါတယ်။

news-view-count-icon

24