back

ထိုင်းနိုင်ငံအထက်ပိုင်းတွင် အပူရှိန်ပြင်းထန်နေပြီး တောင်ပိုင်း၌ မိုးကြီးနိုင်

May 04 • 3:29 PM

breaking-news

ထိုင်း

ပြည်တွင်းသတင်း

cover

ထိုင်းနိုင်ငံအထက်ပိုင်းတွင် အပူရှိန်ပြင်းထန်နေပြီး တောင်ပိုင်း၌ မိုးကြီးနိုင်

ထိုင်းနိုင်ငံအထက်ပိုင်းဒေသများသည် ပူပြင်းသည့်ရာသီဥတု၊ မိုးကြိုးမုန်တိုင်းနှင့် လေပြင်းတိုက်ခတ်မှုများကို ရင်ဆိုင်နေရပြီး ထိုင်းတောင်ပိုင်းဒေသများတွင်မူ လာမည့် မ...

ထိုင်းနိုင်ငံအထက်ပိုင်းဒေသများသည် ပူပြင်းသည့်ရာသီဥတု၊ မိုးကြိုးမုန်တိုင်းနှင့် လေပြင်းတိုက်ခတ်မှုများကို ရင်ဆိုင်နေရပြီး ထိုင်းတောင်ပိုင်းဒေသများတွင်မူ လာမည့် မေ ၆ ရက်မှ ၈ ရက်အတွင်း မိုးကြီးနိုင်ကြောင်း ထိုင်းနိုင်ငံ မိုးလေဝသဌာန (TMD) ထံမှ သိရသည်။ ထိုင်းအထက်ပိုင်းဒေသများတွင် လာမည့် ၂၄ နာရီအတွင်း နေ့ဘက်အချိန်၌ အပူရှိန်ပြင်းထန်နေမည်ဖြစ်ပြီး မြောက်ပိုင်းနှင့် အလယ်ပိုင်းဒေသအချို့တွင် အပူချိန် အလွန်မြင့်မားနိုင်ကာ အချို့ဒေသများတွင် မိုးကြိုးမုန်တိုင်းမှင့် မိုးသက်လေပြင်းများလည်း ကျရောက်နိုင်ကြောင်း TMD က သတိပေးချက် ထုတ်ပြန်ထားသည်။






news-view-count-icon

9