မလေးရှားနိုင်ငံမှာ ၂၀၂၆ ခုနှစ် အစောပိုင်းမှစ လက်ရှိအချိန်အထိအတွင်း ပြင်းထန်တဲ့ အပူချိန်ကြောင့် လူ (၂) ဦး သေဆုံးပြီး အပူဒဏ်နဲ့ဆက်စပ်တဲ့ ကျန်းမာရေးထိခိုက်မှု (၅၆) ခုထိဖြစ်ပွားခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီး ဌာနက တနင်္ဂနွေနေ့(မေလ ၃ ရက်) မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရ အပူကြောင့် ကျန်းမာရေး ထိခိုက်ခဲ့ရတဲ့ စုစုပေါင်းဖြစ်ပွားမှုတွေရဲ့ (၅၈ )ရာခိုင်နှုန်းဟာ ပူပြင်းတဲ့ရာသီဥတုအတွင်း ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်မှုနဲ့ တိုက်ရိုက်ဆက်စပ်နေတယ်လို့ သိရပါ တယ်။ အဲဒီထဲက ထက်ဝက်နီးပါးဟာ မာရသွန်ပြေးခြင်း၊ အားကစားလေ့ကျင့်ခြင်းနဲ့ Cross Country အပြေးပြိုင်ပွဲ တွေ စတဲ့ လှုပ်ရှားမှုတွေကြောင့်ဖြစ်ပြီး ကျန်ရှိတဲ့ဖြစ်ရပ်တွေကတော့ လုံခြုံရေးနဲ့ လုပ်ငန်းခွင်အတွင်း ပြင်းထန်တဲ့ လေ့ကျင့်မှုတွေ ပြုလုပ်ရတဲ့ ဝန်ထမ်းတွေမှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။



