၂၀၂၅ -၂၀၂၆ ခုနှစ်၏ ဖရဲ-သခွား ရာသီပြီးဆုံးသွားသော်လည်း စျေးကောင်းမရဘဲအရှုံးများခဲ့ကြောင်း တောင်သူများ၏ ပြောပြချက်အရ သိရသည်။ ပြည်ပတင်ပို့သည့် ဖရဲသီး-သခွားမွှေး စျေးကွက်သည် ယခုနှစ်တွင် စံချိန်တင်အရှုံးပေါ်ခဲ့ပြီး ယခင်နှစ်များထက် ကုန် ကျစရိတ် အဆပေါင်းများစွာပိုလာကြောင်း သိရသည်။ ဈေးကွက်စဖွင့်ချိန်၂၀၂၅ခုနှစ် နိုဝင်ဘာလအစတွင် အစီးရေအနည်းငယ်သာ ဈေးကောင်းခဲ့ပြီး ရာသီကုန်ချိန်အထိ အကျဘက်ထိုးဆင်းသွားကြောင်း သိရသည်။ ထို့ပြင် စိုက်ပျိုးထုတ်လုပ်ရေးအရင်းအနှီး မြင့်တက်လာခြင်းနှင့် မန္တလေး–တောင်ကြီး–ကျိုင်းတုံ–မိုင်းလား လမ်း ကြောင်းများမှတဆင့် သယ်ယူပို့ဆောင်ရာတွင် ကုန်ကျစရိတ်များ တိုးလာခြင်းတို့ကြောင့် လုပ်ငန်းရှင်များအတွက် အခက်အခဲများ ပိုမိုများပြားလာခဲ့ကြောင်း သိရသည်။



