ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ် မလာကာကုန်းစစ်ဆေးရေးဂိတ်တွင် ဧပြီ ၂ ရက် ညနေ ၄ နာရီခွဲက အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၂ ဦးကို တစ်သောင်းတန်ငွေစက္ကူအတု သိန်း ၄၇၀ နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။လက်တလောမှာ တစ်သောင်းတန်ငွေစက္ကူအတု လက်ဝယ်တွေ့ရှိသူ အမျိုးသား ၆ ဦးနဲ့ အမျိုးသမီး ၂ ဦးကို မြန်အောင်မြို့မရဲစခန်းက စစ်ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။



