ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးမြို့တွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ပူးပေါင်းရဲတပ်ဖွဲ့က မေလ ၃ ရက်နေ့နံနက်ပိုင်းတွင် ညောင်ဖြူစခန်းရပ်ကွက်ရှိ နေအိမ်တစ်လုံးကို ဝင်ရောက်ရှာဖွေရာမှ ထွန်းမြင့်ထွန်းထံမှ မားဗီးရက်ဆေးလိပ်ဘူးခွံအတွင်း WY စိတ်ကြွဆေးပြား ၂၀၀ ပါ ၁ ထုပ်ကို သိမ်းဆည်းရမိကြောင်း သိရသည်။၎င်းနောက် ဖမ်းဆီးခံရသူ၏ထွက်ဆိုချက်အရ ဆေးဝါးများ လာရောက်ပို့ဆောင်ပေးသည့် ခွန်ဝေယံလင်းကို ထပ်မံဖမ်းဆီးခဲ့မိပြီး တစ်ရပ်ကွက်ထဲအတူနေ ခွန်အောင်ဒင် အား ၎င်းနေအိမ်အတွင်း ROYAL စာတမ်းပါ ရွှေရောင်သံဗူးငယ်အတွင်း WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁ ထုပ်လျှင် ၂၀၀ ပြားစီရှိ အထုပ်ငယ် ၁၀ ထုပ်ပါ အထုပ်ကြီး ၃ ထုပ်နှင့် ၁ ထုပ်လျှင် ၂၀၀ ပြားစီပါ ၃ ထုပ်၊ စုစုပေါင်းဆေးပြား ၆၆၀၀ ပြားနှင့် အတူဖမ်းဆီးရမိကြောင်းသိရသည်။ဖမ်းဆီးရမိသည့် လူငယ်သုံးဦးစလုံးကို တောင်ကြီးနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေဖြင့် အမှုဖွင့်ကာ ထိရောက်စွာ အရေးယူနိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။



