back

မြန်အောင်မြို့နယ်တွင် လင်မယားချင်း စကားများရာမှ ဇနီးဖြစ်သူအား ဓားဖြင့်ခုတ်သတ်ပြီး ခင်ပွန်းဖြစ်သူ ထွက်ပြေးတိမ်းရှောင်မှုဖြစ်ပွား

May 04 • 12:33 PM

breaking-news

မြန်မာ

ဧရာ၀တီ

cover

မြန်အောင်မြို့နယ်တွင် လင်မယားချင်း စကားများရာမှ ဇနီးဖြစ်သူအား ဓားဖြင့်ခုတ်သတ်ပြီး ခင်ပွန်းဖြစ်သူ ထွက်ပြေးတိမ်းရှောင်မှုဖြစ်ပွား

​ဖြစ်စဉ်မှာ မေလ ၄ ရက်နေ့၊ နံနက် ၅ နာရီဝန်းကျင်ခန့်တွင် မြန်အောင်မြို့နယ်၊ ညောင်ဝိုင်းအုပ်စု၊ ထုံးဝိုင်းကုန်းကျေးရွာ၊ ရွှေကျင်နယ်မြေရဲစခန်းအပိုင်ရှိ ယာတောတစ်ခုအတ...

​ဖြစ်စဉ်မှာ မေလ ၄ ရက်နေ့၊ နံနက် ၅ နာရီဝန်းကျင်ခန့်တွင် မြန်အောင်မြို့နယ်၊ ညောင်ဝိုင်းအုပ်စု၊ ထုံးဝိုင်းကုန်းကျေးရွာ၊ ရွှေကျင်နယ်မြေရဲစခန်းအပိုင်ရှိ ယာတောတစ်ခုအတွင်း၌ လင်မယားနှစ်ဦး လူမှုရေးကိစ္စဖြင့် စကားများရန်ဖြစ်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ စကားများရာမှ အခြေအတင်ဖြစ်ကာ ခင်ပွန်းဖြစ်သူ အောင်ထွန်းလင်း (၅၀ နှစ်) က ဇနီးဖြစ်သူ အင်္ဂပူမြို့နယ်တွင် နေထိုင်သည့် မသန်းသန်းစိုး (၄၀ နှစ်) ၏ လည်ဂုတ်ကို ဓားမဖြင့် ခုတ်ခဲ့သဖြင့် မသန်းသန်းစိုးမှာ အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးသွားခဲ့ကြောင်း သိရသည်။လူသတ်မှုကျူးလွန်ပြီးနောက် အောင်ထွန်းလင်းသည် ၎င်း၏အစ်ကိုဖြစ်သူထံသို့ သွားရောက်ကာ "ငါတော့ သတ်လိုက်ပြီ" ဟု ပြောဆိုခဲ့ပြီးနောက် ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း သိရသည်။




news-view-count-icon

48