back

မြောက်ဥက္ကလာပမှာ မိသားစု သုံးဦး စီးနင်းလာတဲ့ စက်ဘီးကို ကားတစ်စီးက ဝင်တိုက်ရာမှာ တစ်ဦးသေဆုံး ယာဉ်မောင်းဖြစ်သူ ထွက်ပြေးနေ

May 04 • 2:26 PM

breaking-news

မြန်မာ

ရန်ကုန်

cover

မြောက်ဥက္ကလာပမှာ မိသားစု သုံးဦး စီးနင်းလာတဲ့ စက်ဘီးကို ကားတစ်စီးက ဝင်တိုက်ရာမှာ တစ်ဦးသေဆုံး ယာဉ်မောင်းဖြစ်သူ ထွက်ပြေးနေ

မနေ့က မေ ၃ ရက်၊ ည ၉ နာရီခွဲခန့်မှာ မြောက်ဥက္ကလာပမြို့နယ်၊ ကျော်သူကြိုးတံတားအဆင်း အလုပ်က ပြန်လာတဲ့ မိသားစု သုံးဦး စီးနင်းလာတဲ့ စက်ဘီးကို ကားတစ်စီးက အရှိန်ပြင်းစွ...

မနေ့က မေ ၃ ရက်၊ ည ၉ နာရီခွဲခန့်မှာ မြောက်ဥက္ကလာပမြို့နယ်၊ ကျော်သူကြိုးတံတားအဆင်း အလုပ်က ပြန်လာတဲ့ မိသားစု သုံးဦး စီးနင်းလာတဲ့ စက်ဘီးကို ကားတစ်စီးက အရှိန်ပြင်းစွာ ဝင်တိုက်ခဲ့တယ်လို့ သိရပါတယ်။အဆိုပါယာဉ်တိုက်မှုကြောင့် အသက် ၃၁ နှစ်အရွယ် မိခင်ဖြစ်သူ မယဉ်ယဉ်ဌေးဟာ ရရှိထားတဲ့ ဒဏ်ရာတွေနဲ့ ဒီကနေ့ မေလ ၄ ရက်မှာ ကွယ်လွန်သွားခဲ့တယ်လို့ သိရပြီး ခင်ပွန်းဖြစ်သူမှာလည်း ဒဏ်ရာတွေနဲ့ မြောက်ဥက္ကလာပဆေးရုံမှာ အတွင်းလူနာအဖြစ် ဆေးကုသမှု ခံယူနေရဆဲဖြစ်တယ်လို့ အကူအညီပေးခဲ့သူတစ်ဦးက သူ့ရဲ့ လူမှုကွန်ရက်ကနေ နောက်ဆုံးအခြေအနေတွေကို ရေးသားအသိပေးထားပါတယ်။ထို့ပြင် အသက် နှစ်နှစ်အရွယ် သားငယ်လေးမှာလည်း ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ပြီး လက်ရှိမှာ အဘွားဖြစ်သူနဲ့အတူ ကျန်ရစ်ခဲ့တယ်လို့ သိရပြီး ကျန်ရစ်ခဲ့တဲ့ မိသားစုအတွက် ဝန်းရံမှူး လူမှုကူညီကယ်ဆယ်ရေးအသင်းက တစ်ဆင့် အလှူရှင်တွေက ငွေကျပ် ၁၁ သိန်းကို ဒီကနေ့ မေလ ၄ ရက်မှာ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရပါတယ်။




news-view-count-icon

34