back

ရှမ်းပြည်နယ်၊တောင်ကြီးမြို့နယ်၊ နောင်ပစ် အခြေခံပညာမူလတန်းလွန်ကျောင်း ကျောင်းဆောင်သစ်ဖွင့်လှစ်လွဲပြောင်းပေးအပ်

May 04 • 1:50 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းပြည်နယ်၊တောင်ကြီးမြို့နယ်၊ နောင်ပစ် အခြေခံပညာမူလတန်းလွန်ကျောင်း ကျောင်းဆောင်သစ်ဖွင့်လှစ်လွဲပြောင်းပေးအပ်

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်၊ နောင်ပစ်ရွာရှိ နောင်ပစ် အခြေခံပညာမူလတန်းလွန်ကျောင်း ကျောင်းဆောင်သစ်ဖွင့်လှစ်လွဲပြောင်းပေးအပ်ပွဲအခမ်...

ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ တောင်ကြီးမြို့နယ်၊ နောင်ပစ်ရွာရှိ နောင်ပစ် အခြေခံပညာမူလတန်းလွန်ကျောင်း ကျောင်းဆောင်သစ်ဖွင့်လှစ်လွဲပြောင်းပေးအပ်ပွဲအခမ်းအနားကို ယနေ့ ၁၃၈၈-ခုနှစ် ကဆုန်လပြည့်ကျော် ၃ ရက်နေ့ နံနက် ၉:၀၀ နာရီအချိန်တွင် ကျင်းပပြုခဲ့ပါသည်။ကျောင်းဆောင်သစ်လွဲပြောင်းပေးအပ်ပွဲ အ ခမ်းအနားတွင် နောင်ပစ် အခြေခံပညာမူလတန်းလွန်ကျောင်းမှ ကျောင်းသား ကျောင်းသူလေးများက "ထာဝရသစ္စာ"သီချင်းဖြင့် ကပြဖျော်ဖြေပေးခဲ့ကြပါသည်။အဆိုပါကျောင်းဆောင်သစ်တွင် အလှူရှင် (ဦးခင်မောင်မောင်)+ ဒေါ်နန်းမိုးမိုးဝင်း(ခ)ဒေါ်ငဲမူ (ထူးကျော်ပွဲရုံ၊ တောင်ကြီး) မိသားစုမှ ဆောက်လုပ်လှူဒါန်းသော (၆၀×၃၀)ပေ RCနှစ်ထပ်ကျောင်းဆောင်သစ်ကို မတည်လှူဒါန်းပေးခဲ့သည်။ထို နောင်ပစ် အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ကျောင်းသား ကျောင်းသူဦးရေ ၂၆၃ ဦးရှိပြီး ကျောင်းဆရာ ၁ ဦးနှင့် ဆရာမ ၉ ဦးတို့က ပညာသင်ကြားပေးလျက်ရှိကြောင်း သိရှိရပါသည်။

news-view-count-icon

32