တရုတ်-အာဆီယံ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်း စတင်ခြင်းအခမ်းအနားကို အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ အာဆီယံအတွင်းရေးမှူးရုံး၌ ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားကို အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ် Kao Kim Hourn ၊ အာဆီယံဆိုင်ရာ တရုတ်နိုင်ငံ သံအမတ်ကြီး ဝမ်ချင်၊ အာဆီယံ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ (ACDM) အရာရှိများနှင့် အာဆီယံနိုင်ငံအသီးသီး၏ အမြဲတမ်းကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။ ၂၀၂၆ ခုနှစ်သည် “တရုတ်-အာဆီယံ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ၅ နှစ်ပြည့်” အထူးနှစ်ဖြစ်သည်။ တရုတ်-အာဆီယံ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ပူးပေါင်းဆောင်ရွက်ရေး စီမံကိန်း စတင်ဖော်ဆောင်ခြင်းသည် အာဆီယံအတွက် လူ့စွမ်းအားအရင်းအမြစ် လေ့ကျင့်မွမ်းမံမှုမှတစ်ဆင့် အရေးအပေါ် ကွပ်ကဲမှုနှင့် လေ့လာဆုံးဖြတ်မှုနည်းပညာနှင့် စက်ပစ္စည်းကိရိယာ ပံ့ပိုးရန်၊ တရုတ်နိုင်ငံ၏ သဘာဝဘေးအန္တရာယ် ကြိုတင်သတိပေးခြင်းနှင့် တုံ့ပြန်ခြင်း အတွေ့အကြုံလုပ်ထုံးလုပ်နည်းများအား မျှဝရန်၊ နည်းပညာအပြန်အလှန်ချိတ်ဆက်မှု၊ အရင်းအမြစ် အပြန်အလှန်ဖြည့်စွက်မှု၊ အတွေ့အကြုံ အပြန်အလှန်လေ့လာမှုကို မြှင့်တင်ရန်၊ ဒေသတွင်းညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုနှင့် ဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျှော့ချရေးစွမ်းရည်ကို မြှင့်တင်ရန် ရည်ရွယ်ခြင်း ဖြစ်ကြောင်းသိရသည်။ 
May 04 • 1:51 AM
တရုတ်
ပြည်တွင်းသတင်း
မျှဝေမည်
| 12 | 0 | 0 | 0 |


