ဧရာဝတီတိုင်းဒေသကြီး၊ ချောင်းသာမြို့နယ်ရှိ ချောင်းသာသစ်တောကြိုးဝိုင်းမှာ မေ(၂)ရက်နေ့ကဖြစ်ပွားခဲ့တဲ့ သားအမိ (၂)ဦး အသတ်ခံရပြီး ကလေးငယ်၁ဦး ဒဏ်ရာရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး မေလ(၃)ရက် နေ့၌ မသင်္ကာသူအမျိုးသား၂ဦးကို ဖမ်းဆီးထားပြီး စစ်ဆေးမှုတွေဆောင်ရွက်နေတယ်လို့ ချောင်းသာနယ်မြေရဲစခန်းကနေ သိရပါတယ်။ချောင်းသာနယ်မြေရဲစခန်းမှ နယ်မြေစခန်းမှူးဦးဆောင်တဲ့အဖွဲ့ဟာ မေလ၂ရက်က သားအမိ၂ဦးအသတ်ခံရတယ်ဆိုတဲ့ သတင်းအရ ဖြစ်စဉ်ဖြစ်ပွားတဲ့နေရာကိုသွားရောက်စစ်ဆေးခဲ့ရာ တဲပေါ်မှာ အသက်၂၇နှစ်ခန့်အရွယ် အမျိုးသမီး(၁)ဦး လည်ပင်းပြတ်ရှဒဏ်ရာနဲ့ ထုတ်တန်းမှာ ကြိုးနဲ့ လည်ပင်းစွပ်လျက် တွဲလောင်းအနေအထားနဲ့ သေဆုံးနေတာကို တွေ့ရတယ်လို့ ဆိုပါတယ်။အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး တရားခံဖမ်းဆီးရမိရေးဆောင်ရွက်ရာမှာ မေလ၃ရက်မှာ မသင်္ကာသူ အသက်(၃၇)နှစ်နဲ့ အသက်(၃၂)အရွယ် အမျိုးသား၂ဦးကို မေလ၃ရက်မှာ ဖမ်းဆီးရမိခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ ချောင်းသာနယ်မြေရဲစခန်းကနေ သိရပါတယ်။
May 04 • 1:47 AM
မြန်မာ
ဧရာ၀တီ
မျှဝေမည်
| 47 | 0 | 0 | 0 |


