ပဲခူးတိုင်း၊ မုန်းမြို့တွင်မတ်လ ၂ ရက်၊ နံနက် ၈ နာရီက၊ မုန်းမြို့ (၄) ရပ်ကွက်တွင် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦး ဥယဉ်ခြံထဲတွင် ဟင်းသီးဟင်းရွက်ခူးရာမှ မြေမြှုပ်မိုင်းနင်းမိ ကာ ညာဖက်ခြေထောက်ပြတ်ထွက်သွားခဲ့ကြောင်း သိရသည်။မြေမြှုပ်မိုင်းနင်းမိကာ ဒဏ်ရာရရှိသွားသည့် မိန်းကလေးကို မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့ Save The Trees Rescue Team မှ တောင်ငူဆေးရုံကြီးသို့ အရေးပေါ်ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလကလည်း ပဲခူးမြို့နယ်၊ မုန်းမြို့နှင့် ရေတာရှည်မြို့နယ်၊ ရေငံကျေးရွာတို့တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုနှင့် မြေမြှုပ် မိုင်းကြောင့် ကိုယ်ဝန်ဆောင်နှင့် ကလေးငယ်အပါအဝင် ဒဏ်ရာသူ ငါးဦးရှိခဲ့ကြောင်း သိရသည်။



