back

လပွတ္တာမြို့အထွက် သဲဖြူလမ်းဘေးရှိ အမှိုက်ပုံကြီး မီးလောင်ကျွမ်းမှုကြောင့် မြို့တွင်းသို့ မီးခိုးနှင့် အညှော်နံ့များ ပျံ့နှံ့ရောက်ရှိကာ ဒေသခံပြည်သူများ အသက်ရှူကြပ်သည့်ဒဏ် ပြင်းထန်စွာ ခံစားနေရ

May 03 • 2:58 PM

breaking-news

မြန်မာ

ဧရာ၀တီ

cover

လပွတ္တာမြို့အထွက် သဲဖြူလမ်းဘေးရှိ အမှိုက်ပုံကြီး မီးလောင်ကျွမ်းမှုကြောင့် မြို့တွင်းသို့ မီးခိုးနှင့် အညှော်နံ့များ ပျံ့နှံ့ရောက်ရှိကာ ဒေသခံပြည်သူများ အသက်ရှူကြပ်သည့်ဒဏ် ပြင်းထန်စွာ ခံစားနေရ

​ဧရာဝတီတိုင်း၊လပွတ္တာခရိုင်၊ လပွတ္တာမြို့အထွက် သဲဖြူလမ်းဘေးရှိ မြို့နယ်အမှိုက်ကန်ကြီးတွင် အမှိုက်များ မီးလောင်ကျွမ်းရာမှ ထွက်ပေါ်လာသည့် ပြင်းထန်သော အညှော်နံ့နှင...

​ဧရာဝတီတိုင်း၊လပွတ္တာခရိုင်၊ လပွတ္တာမြို့အထွက် သဲဖြူလမ်းဘေးရှိ မြို့နယ်အမှိုက်ကန်ကြီးတွင် အမှိုက်များ မီးလောင်ကျွမ်းရာမှ ထွက်ပေါ်လာသည့် ပြင်းထန်သော အညှော်နံ့နှင့် မီးခိုးငွေ့များကြောင့် မြို့ခံပြည်သူများ၊ သံဃာတော်များနှင့် ကလေးငယ်များမှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာများနှင့် ကျန်းမာရေး ထိခိုက်မှုများ ဆိုးရွားစွာ ကြုံတွေ့နေရကြောင်း သိရသည်။အဆိုပါ အမှိုက်ပုံကြီးသည် ပြီးခဲ့သည့် သင်္ကြန်ကာလ မတိုင်ခင်ကတည်းက စတင်မီးလောင်ခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က စည်ပင်သာယာရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် လုပ်ငန်းရှင်များ ပူးပေါင်းကာ စက်သုံးဆီ အကူအညီများဖြင့် ငြှိမ်းသတ်ခဲ့သဖြင့် (၁၀) ရက်ခန့် အနံ့ဆိုးများ ပျောက်ကွယ်သွားခဲ့သည်။ သို့သော်လည်း လက်ရှိဖြစ်ပေါ်နေသော အလွန်အမင်း ပြင်းထန်သည့် အပူရှိန်ကြောင့် အမှိုက်ပုံအတွင်းပိုင်းမှ မီးများ ပြန်လည်လှိုက်လောင်လာကာ အညှော်နံ့များ လေနှင့်အတူ မြို့တွင်းသို့ တကျော့ပြန် ဝင်ရောက်လာခြင်း ဖြစ်ကြောင်း သိရသည်။မီးခိုးနံ့နှင့် အညှော်နံ့များမှာ အလွန်ပြင်းထန်သဖြင့် မြို့ခံအချို့မှာ ရင်ဘတ်အောင့်ခြင်း၊ မောပန်းခြင်းနှင့် အသက်ရှူကြပ်ခြင်းတို့ကြောင့် ဆေးခန်းပြသရသည်အထိ ဖြစ်ပွားနေသည်။ ညအချိန်များတွင်လည်း မီးခိုးမွှန်သည့်ဒဏ်ကြောင့် ကောင်းစွာ အိပ်စက်၍မရဘဲ လန့်နိုးခြင်းနှင့် အသက်ရှူရခက်ခဲခြင်းတို့ ခံစားနေရကြောင်း သိရသည်။


news-view-count-icon

43