back

ပေါက်တောမြို့နယ်တွင် မိုးသီးကြွေကျမှုကြောင့် နေအိမ်အချို့ပျက်စီး

May 03 • 2:57 PM

breaking-news

မြန်မာ

ရခိုင်

cover

ပေါက်တောမြို့နယ်တွင် မိုးသီးကြွေကျမှုကြောင့် နေအိမ်အချို့ပျက်စီး

အာရက္ခပြည်၊ ပေါက်တောမြို့နယ်၊ စိုင်းတုပ်ကျွန်းရှိ ပုဏ္ဏားကြီးကျေးရွာတွင် ယမန်နေ့မေလ ၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်က မိုးသက်လေပြင်းတိုက်ခတ်ပြီး မိုးသီးများကြွေကျမ...

အာရက္ခပြည်၊ ပေါက်တောမြို့နယ်၊ စိုင်းတုပ်ကျွန်းရှိ ပုဏ္ဏားကြီးကျေးရွာတွင် ယမန်နေ့မေလ ၂ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်က မိုးသက်လေပြင်းတိုက်ခတ်ပြီး မိုးသီးများကြွေကျမှုကြောင့် ဒေသခံများ၏ နေအိမ်ခေါင်မိုးများ ပျက်စီးခဲ့ကြောင်း သိရသည်။ဒေသခံများ၏ ပြောကြားချက်အရ အဆိုပါ မိုးသီးများသည် လူနေအိမ်များပေါ်သို့ ကျရောက်ခဲ့ပြီး ခေါင်မိုးများ ပေါက်ပြဲပျက်စီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ထို့အပြင် ယမန်နေ့ ညနေ ၇ နာရီခန့်တွင်လည်း အာရက္ခပြပြည်အနှံ့၌ နာရီခွဲကျော်ကြာ မိုးသက်လေပြင်းတိုက်ခတ်ခဲ့ကြောင်း သိရှိရသည်။နောက်ပြီး မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ မေလ ၃ ရက် နံနက် ၇ နာရီခန့်တွင် ထုတ်ပြန်ချက်အရ ရက္ခိုင်ပြည်၌ မိုးရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက်ခတ်ခြင်း၊ မိုးထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်းနှင့် မိုးသီးကြွေခြင်းတို့ ဖြစ်ပေါ်နိုင်သဖြင့် ကြိုတင်သတိပြုရန် အကြံပြုထားကြောင်း သိရသည်။




news-view-count-icon

35