back

တာချီလိတ်တွင် ဓါတ်လှေကားအတွင်း ပိတ်မိနေကလေးငယ်တစ်ဦးအား ကယ်တင်နိုင်ခဲ့

May 03 • 2:56 PM

breaking-news

မြန်မာ

ရှမ်း

cover

တာချီလိတ်တွင် ဓါတ်လှေကားအတွင်း ပိတ်မိနေကလေးငယ်တစ်ဦးအား ကယ်တင်နိုင်ခဲ့

တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီး ခုတင် (၁၀၀) ရှိ ဓါတ်လှေကားအတွင်း ယနေ့ မေလ ၃ ရက်၊ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်ခန့်က အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦး ပိတ်မိခဲ့ခြင်းဖြ...

တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံကြီး ခုတင် (၁၀၀) ရှိ ဓါတ်လှေကားအတွင်း ယနေ့ မေလ ၃ ရက်၊ မွန်းလွဲ ၂ နာရီ ၄၀ မိနစ်ခန့်က အသက် ၁၁ နှစ်အရွယ် ကလေးငယ်တစ်ဦး ပိတ်မိခဲ့ခြင်းဖြစ်ပြီး ဆေးရုံလူနာစောင့်တစ်ဦး သတင်းပေးချက်အရ တာချီလိတ်ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွန်ကြားရေးမှူး ဦးလှမင်း၊ ဦးစီးအရာရှိ ဦးငြိမ်းထက်အောင် ဦးဆောင်၍ မိးသတ်တပ်ဖွဲ့ဝင်များက 191 ရှာဖွေကယ်ဆယ်ရေးယာဉ်နှင့် ပိုလန်ယာဉ်တို့ဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ကြရာ မွန်းလွဲ ၂ နာရီ ၅၀ မိနစ်တွင် အသက်ရှင်လျက် ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။တာချီလိတ်ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွန်ကြားရေးမှူး ဦးလှမင်းနှင့် တာဝန်ရှိသူများက ပိတ်ပိနေသူ မောင်ဝေယံဦး အား မိခင်ဖြစ်သူထံ ကောင်းမွန်စွာ ပြန်လည်အပ်နှံပေးခဲ့ကြောင်း သိရသည်။





news-view-count-icon

26