back

KBZ Center Mandalay တွင် ကျောက်ကပ်ဆေးစက် (၁၆)လုံး ထပ်မံတိုးချဲ့မည်ဖြစ်သောကြောင့် အခမဲ့ကုသမှုခံယူလိုသူများ လျှောက်ထားနိုင်

May 03 • 1:31 PM

breaking-news

မြန်မာ

မန္တလေး

cover

KBZ Center Mandalay တွင် ကျောက်ကပ်ဆေးစက် (၁၆)လုံး ထပ်မံတိုးချဲ့မည်ဖြစ်သောကြောင့် အခမဲ့ကုသမှုခံယူလိုသူများ လျှောက်ထားနိုင်

မန္တလေးမြို့ရှိ KBZ Center Mandalay တွင် ထပ်မံရောက်ရှိလာသည့် စက်အလုံးရေ(၁၆)လုံး တပ်ဆင်ပြီးစီးပါက စက်အလုံးရေ(၂၀)ဖြင့် တပတ်လျှင် စုစုပေါင်းလူနာ(၁၂၀) ဦးအထိ အခမဲ့က...

မန္တလေးမြို့ရှိ KBZ Center Mandalay တွင် ထပ်မံရောက်ရှိလာသည့် စက်အလုံးရေ(၁၆)လုံး တပ်ဆင်ပြီးစီးပါက စက်အလုံးရေ(၂၀)ဖြင့် တပတ်လျှင် စုစုပေါင်းလူနာ(၁၂၀) ဦးအထိ အခမဲ့ကျောက်ကပ်သွေးသန့်စင်ကုသမှု ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။လက်ရှိတွင် KBZ Center Mandalay အနေဖြင့် ငွေကြေးခက်ခဲသည့် ကျောက်ကပ်လူနာများအတွက် အခမဲ့ကျောက်ကပ်သွေးသန့်စင်ကုသမှုအား အပတ်စဥ် တနင်္လာနေ့မှ စနေနေ့အထိ စက်လေးလုံးဖြင့်လူနာ (၂၄) ဦးကို ဆောင်ရွက်ပေးလျက်ရှိသည်။ယခုအခါ ကျောက်ကပ်ဆေးစက်များ ထပ်မံတိုးချဲ့တော့မည်ဖြစ်သောကြောင့် ကျောက်ကပ်သွေးသန့်စင်ခြင်းပြုလုပ်ရမည့် လူနာများအတွက် အခမဲ့ကျောက်ကပ် သွေးသန့်စင်ခြင်း ပြုလုပ်ပေးနိုင်ရန် လျှောက်လွှာများကို မေလ (၄) ရက်၊ (၅) ရက်နှင့် (၆) ရက်တို့တွင် နံနက် (၉) နာရီမှ ညနေ (၄) နာရီအထိ ထုတ်ဝေပေးသွားမည် ဖြစ်သည်။လျှောက်လွှာထုတ်ယူရာတွင်လည်း လူနာကိုယ်တိုင်သော်လည်းကောင်း၊ လူနာ၏ ရောဂါလက္ခဏာ အရင်းအမြစ်ကို သိရှိသော မိသားစုဝင်တဦးဦးကသော်လည်းကောင်း လူနာ၏ မှတ်ပုံတင်မူရင်းနှင့် မိတ္တူတို့ကို ယူဆောင်၍ လျှောက်လွှာများ လာရောက် ထုတ်ယူနိုင်သည်။လျှောက်လွှာများကို မေ (၁၈) ရက်၊ (၁၉) ရက်နှင့် (၂၀) ရက်တို့၌ ပြန်လည်လက်ခံ သွားမည်ဖြစ်ပြီး စိစစ်ရွေးချယ်ပြီးပါက အခမဲ့ကျောက်ကပ်သွေးသန့်စင် ကုသခွင့်ရရှိမည့်လူနာများအား ပြန်လည်ဆက်သွယ် ပေးသွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။





news-view-count-icon

27