back

ချောင်းသာမှာလည်ပင်းဖြတ်အသတ်ခံထားရဲ့အနေအထားနဲ့ သားအမိနှစ်ယောက်ရဲ့ အလောင်းတွေတွေ့

May 03 • 1:29 PM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ချောင်းသာမှာလည်ပင်းဖြတ်အသတ်ခံထားရဲ့အနေအထားနဲ့ သားအမိနှစ်ယောက်ရဲ့ အလောင်းတွေတွေ့

မေလ ၂ ရက်နေ့ မနက်ပိုင်းက ချောင်းသာ၊ ကံကြီးကျေးရွာအုပ်စု၊ ဆိပ်ကြီးကျေးရွာအနီးမှာရှိတဲ့ သစ်တောကြိုးဝိုင်းအတွင်း အကွက်အမှတ် ၄ က တဲတစ်လုံးထဲမှာ အသတ်ခံထားရတယ်လို့ ယူ...

မေလ ၂ ရက်နေ့ မနက်ပိုင်းက ချောင်းသာ၊ ကံကြီးကျေးရွာအုပ်စု၊ ဆိပ်ကြီးကျေးရွာအနီးမှာရှိတဲ့ သစ်တောကြိုးဝိုင်းအတွင်း အကွက်အမှတ် ၄ က တဲတစ်လုံးထဲမှာ အသတ်ခံထားရတယ်လို့ ယူဆရတဲ့ အနေအထားနဲ့ အမျိုးသမီးအလောင်းတခုနဲ့ ကလေးအလောင်းကို တွေ့ခဲ့တာလို့ သိရပါတယ်။သေဆုံးရုပ်အလောင်းတွေရဲ့ လည်ပင်းအောက်မှာ ဓားနဲ့ လည်ပင်းတွေကို ဖြတ်ထားတဲ့ အနေအထားနဲ့ တွေ့ခဲ့တာလို့ သိရပါတယ်။သေဆုံးသူအမျိုးသမီးဟာ အသက် ၃၀ ဝန်းကျင်ခန့် ရှိနိုင်တယ်လို့ သိရပြီး ကလေးငယ်ဟာ ၁ နှစ်သားခန့်သာ ရှိသေးတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုမှုအရ သိရပါတယ်။သေဆုံးရုပ်အလောင်းတွေကို နယ်မြေခံရဲစခန်းက ရဲတွေက ချောင်းသာတိုက်နယ်ဆေးရုံ ရင်ခွဲရုံမှာ စစ်ဆေးနေတယ်လို့ သိရပြီး တရားခံတွေ ဖမ်းမိနိုင်ဖို့ စုံစမ်းနေဆဲဖြစ်တယ်လို့ သိရပါတယ်။





news-view-count-icon

32