back

ဧရာဝတီတိုင်း၊မအူပင်မြို့တွင် လေပြင်းတိုက်ခတ်မှုနှင့်မိုးရွာသွန်းမှုများကြောင့် ဓာတ်တိုင်များကျိုးကာ လျှပ်စစ်မီးပြတ်တောက်ခဲ့

May 03 • 1:49 AM

breaking-news

မြန်မာ

ဧရာ၀တီ

cover

ဧရာဝတီတိုင်း၊မအူပင်မြို့တွင် လေပြင်းတိုက်ခတ်မှုနှင့်မိုးရွာသွန်းမှုများကြောင့် ဓာတ်တိုင်များကျိုးကာ လျှပ်စစ်မီးပြတ်တောက်ခဲ့

ဧရာဝတီတိုင်း၊မအူပင်မြို့တွင် လေပြင်းတိုက်ခတ်မှုနှင့်မိုးရွာသွန်းမှုများကြောင့် ယမန်နေ့၊ ညနေပိုင်း၌ ဓာတ်တိုင်များ ကျိုးကာ လျှပ်စစ်မီးပြတ်တောက်နေကြောင်း သိရသည်...

ဧရာဝတီတိုင်း၊မအူပင်မြို့တွင် လေပြင်းတိုက်ခတ်မှုနှင့်မိုးရွာသွန်းမှုများကြောင့် ယမန်နေ့၊ ညနေပိုင်း၌ ဓာတ်တိုင်များ ကျိုးကာ လျှပ်စစ်မီးပြတ်တောက်နေကြောင်း သိရသည်။အဆိုပါဓာတ်တိုင်များမှာ မအူပင်မြို့သို့ ကျိုက်လတ်ခွဲရုံမှ လျှပ်စစ်ဓါတ်အားပို့လွှတ်ပေးနေသော ၃၃ကေဗွီဓါတ်အားလိုင်းတိုင်များဖြစ်ကြောင်း သိရသည်။ကျိုက်လတ်-မအူပင် ၃၃ကေဗွီ ဓါတ်အားလိုင်းသည် မနေ့ ညနေပိုင်းတွင် တိုက်ခတ်သည့်လေကြောင့် သစ်ပင်ပိ၍ အိုင်၀ိုင်း /တိုးမာလာလမ်းထိပ်တွင် ၃၃ကေဗွီ တိုင်၄လုံးကျိုးသွားပါသဖြင့် ပြုပြင်ဆောင်ရွက်လျက်ရှိပါကြောင်း မအူပင်မြို့နယ်လျှပ်စစ်တာဝန်ရှိသူတစ်ဦးက ဖော်ပြထားသည်။

news-view-count-icon

46