back

မကွေးတိုင်း၊မင်းဘူးမြို့ အ‌မှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအပ်ချိန်မတိုင်မီ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

May 03 • 2:33 AM

breaking-news

မြန်မာ

မကွေး

cover

မကွေးတိုင်း၊မင်းဘူးမြို့ အ‌မှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းအပ်ချိန်မတိုင်မီ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းပရိဝုဏ်အတွင်း၌ ယမန်နေ့ နံနက် ၇ နာရီက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့...

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းပရိဝုဏ်အတွင်း၌ ယမန်နေ့ နံနက် ၇ နာရီက စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည် ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးအေးလွင်နှင့် စီမံအဖွဲ့ဝင်များ ကြည့်ရှု အားပေးကာ မကြာမီကာလများတွင် အခြေခံပညာစာသင်ကျောင်းများ ကျောင်းအပ်လက်ခံပြီး ပြန်လည် ဖွင့်လှစ်တော့မည်ဖြစ်ရာ ကျောင်းအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာ လှပကာ အမှိုက်သရိုက်နှင့် ပိုးမွှားအန္တရာယ်များကင်းရှင်းပြီး၊ စိတ်အေးချမ်းသာစွာ သင်ကြားနိုင်ရန် အထွေထွေအုပ်ချုပ်‌ေရးဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဆရာ၊ ဆရာမများက တံမြက်လှည်းခြင်း၊ ချုံနွယ်ပိတ်ပေါင်းများ၊ မြက်နှင့်အမှိုက်များရှင်းလင်းခြင်းကို စုပေါင်းရှင်းလင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

news-view-count-icon

44