back

ရှမ်းတောင် မြို့နယ်အချို့တွင် တောင်သူများ လက်ထဲ ပြောင်းဆံ မရှိတော့ချိန်မှ ဈေးအတက်ကြမ်းနေ

May 03 • 1:45 AM

breaking-news

မြန်မာ

ရှမ်း

cover

ရှမ်းတောင် မြို့နယ်အချို့တွင် တောင်သူများ လက်ထဲ ပြောင်းဆံ မရှိတော့ချိန်မှ ဈေးအတက်ကြမ်းနေ

ရှမ်းပြည်နယ်၌ တောင်သူများ၏ လက်ထဲတွင် ပြောင်းဆံမရှိတော့သည့် အချိန်တွင်မှ ပြောင်းဆံဈေး တစ်ပိဿာ ၁,၂၀၀ ကျပ်မှ ၁,၅၈၀ ကျပ်အထိ ဈေးထိုးတက်နေသည်ဟု ရှမ်းတောင်၊ တောင်ကြီး၊...

ရှမ်းပြည်နယ်၌ တောင်သူများ၏ လက်ထဲတွင် ပြောင်းဆံမရှိတော့သည့် အချိန်တွင်မှ ပြောင်းဆံဈေး တစ်ပိဿာ ၁,၂၀၀ ကျပ်မှ ၁,၅၈၀ ကျပ်အထိ ဈေးထိုးတက်နေသည်ဟု ရှမ်းတောင်၊ တောင်ကြီး၊ ညောင်ရွှေ ၊ နမ့်စန်မြို့နယ်ရှိ ပြောင်းစိုက်တောင်သူများထံမှ သိရသည်။ မေ ၂ ရက်တွင် တောင်ကြီး၊ အေးသာယာဂိုထောင်အရောက် ပြောင်းဆံဈေးမှာ တစ်ပိဿာ ၁,၅၈၀ ကျပ်အထိ အရောင်းအဝယ်.ဖြစ်နေသည်။ ယင်းဈေးမှာ ပြီးခဲ့သည့် ဧပြီ ၂၅ ရက် ၁,၂၀၀ ကျပ်ဈေးနှင့်ယှဉ်ပါက ၈ ရက်အတွင်း ၃၈၀ ကျပ်အထိ ဈေးတက်လာခြင်း ဖြစ်သည်။ ပြောင်းဆံဈေး တက်လာသော်လည်း လက်ရှိအချိန်သည် တောင်သူများ၏ လက်ထဲတွင် ပြောင်းဆံမရှိတော့သဖြင့် ပြောင်းဆံများကို ဝယ်ယူသိုလှောင်သည့် ကုန်သည်ပွဲစားများသာ အဓိက အကျိုးအ မြတ်ရနေသည်ဟု ပြောင်းစိုက်တောင်သူ စိုင်းဗွေကပြောသည်။

news-view-count-icon

27