ဧပြီ ၂၂ ရက်နေ့မှစ၍ ဖားကန့်-နန့်ယာ ကားလမ်းမကြီးကို ကားကြီ၊ ကားသေးများ ဖြတ်သန်းသွားလာခွင့် ယာယီပိတ်ထားပြီးနောက် မြို့အတွင်းတွင် ကုန်စျေးနှုန်းများ အဆမတန်မြင့်တက်လာကြောင်း သိရ သည်။ဖားကန့်-နန့်ယာ ကားလမ်းမကြီးကို ယာယီပိတ်မည်ဟုဆိုကာ ယနေ့အချိန်အ ထိ ပြန်လည်ဖွင့်လှစ်ပေးခြင်းမရှိ၍ စျေးဆိုင်အချို့ပိတ်ထားရပြီး၊ စားသောက်ကုန်အချို့လည်း ပစ္စည်းများပြတ်လပ်လာကြောင်း သိရသည်။ဖားကန့်-နန့်ယားလမ်းပိုင်းတွင် ပိတ်ဆို့ထားခြင်းကြောင့် ကားကြီး၊ ကားသေးများ အတက်အဆင်းမရှိ၍ ကုန်စည်စီးဆင်းမှုများလည်း ရပ်ဆိုင်းနေရသည့်အပြင် ဆန်၊ ဆီ၊ ဆေးဝါးနှင့် လောင်စာဆီ ဈေးနှုန်းများလည်း အဆမတန်မြင့်တက်လာကြောင်း သိရသည်။ထို့သို့ ကုန်စျေးနှုန်းများမြင့်တက်လာမှုကြောင့် အခြေခံလက်လုပ်လက်စားပြည်သူများမှာ အခက်အခဲဖြစ်ပေါ်နေကြောင်း သိရသည်။



