ကျောက်တန်းမြို့နယ်၊ နရွှဲချောင်ကျေးရွာနေ ဒေါ်မြဝင်း (၅၆) နှစ်သည် အိမ်ဘေးချင်းကပ်လျက်ရှိသော နေအိမ်သို့ ရေပိုက်ဖြင့်ရေပေးဝေခြင်းအား တစ်အိမ်တည်းနေ မောင်ဖြစ်သူ ကျော်ကျော်(ခ)မောင်ကျော် (၅၁) နှစ်က မကျေနပ်သဖြင့် မောင်နှမနှစ်ဦးစကားများခဲ့ကြကြောင်း သိရသည်။စကားများစဥ်မောင်ဖြစ်သူက စိတ်မထိန်းနိုင်ဘဲ ပေါ-က်တူးနောက်စေ့ဖြင့် အစ်မဖြစ်သူ၏ဦးခေါင်းကို (၃) ချက်ခန့်ပြင်းထန်စွာရို-က်နှက်ခဲ့ရာ ဒေါ်မြဝင်းသည် ဦးခေါင်းကြေမွကွဲပြဲသည့်ဒ-ဏ်ရာများဖြင့် အခင်းဖြစ်နေရာ၌ ေ-သဆုံးသွားခဲ့ကြောင်း သိရသည်။ထို့ကြောင့် ကျော်ကျော်(ခ)မောင်ကျော်အားဖမ်းဆီးပြီးနောက် တံတားမြို့နယ်မြေရဲစခန်းက (ပ) ၆/၂၀၂၆၊ အမှုကြီးအမှတ်စဉ် (၁/၂၀၂၆)၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်ကာစစ်ဆေးလျက်ရှိကြောင်း သိရသည်။



