back

အမြန်လမ်းကိုဖြတ်ကူးသည့်ကျွဲလှည်းအား "ရွှေမန္တလေး"ခရီးသည်တင်ယာဥ်ကဝင်တိုက်၍ လှည်းမောင်းသူဒဏ်ရာရပြီး ကျွဲနှစ်ကောင်သေဆုံး

May 02 • 3:14 PM

breaking-news

မြန်မာ

ပြည်တွင်း

cover

အမြန်လမ်းကိုဖြတ်ကူးသည့်ကျွဲလှည်းအား "ရွှေမန္တလေး"ခရီးသည်တင်ယာဥ်ကဝင်တိုက်၍ လှည်းမောင်းသူဒဏ်ရာရပြီး ကျွဲနှစ်ကောင်သေဆုံး

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်ဖြတ်ကူးသည့် ကျွဲလှည်းကို "ရွှေမန္တလေး"ခရီးသည်တင်ယာဥ်က ဝင်တိုက်မိခဲ့မှု မေ ၂ ရက်(ယနေ့)နံနက် ၁ နာရီကျော်ခန့်က ဖြစ်ပွားခဲ့သည်။ရန်က...

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်ဖြတ်ကူးသည့် ကျွဲလှည်းကို "ရွှေမန္တလေး"ခရီးသည်တင်ယာဥ်က ဝင်တိုက်မိခဲ့မှု မေ ၂ ရက်(ယနေ့)နံနက် ၁ နာရီကျော်ခန့်က ဖြစ်ပွားခဲ့သည်။ရန်ကုန်ဘက်မှ နေပြည်တော်ဘက်သို့ ယာဥ်မောင်းသူအပါအဝင် အမျိုးသား၊ အမျိုးသမီး(၂၂)ဦးလိုက်ပါမောင်းနှင်လာသော "ရွှေမန္တလေး"ခရီးသည်တင်ယာဥ်သည် မိုင်တိုင်အမှတ် ၁၃၆/၅ နှင့် ၁၃၆/၆ ကြားအရောက် လမ်းလယ်ကျွန်းကိုဖြတ်၍ အနောက်မှအရှေ့သို့ ဖြတ်ကူးလာသော ကျွဲလှည်းအားဝင်ရောက်မိခဲ့သည်။ ယာဥ်တိုက်မှုကြောင့် ကျွဲနှစ်‌‌ကောင်သေဆုံး၍ လှည်းမောင်းသူတွင်လည်း ထိခိုက်ဒဏ်ရာများရရှိခဲ့ပြီး ခရီးသည်တင်ယာဥ်‌ပေါ်လိုက်ပါလာသူများတွင် ထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ပေ။



news-view-count-icon

80