back

မိုင်းတုံမှ တရားမဝင်သစ်များ တာချီလိတ်မှတဆင့် မဲခေါင်မြစ်အသုံးပြုကာ တရုတ်ဘက်သို့ မှောင်ခိုတင်ပို့နေ

May 02 • 3:12 PM

breaking-news

မြန်မာ

ရှမ်း

cover

မိုင်းတုံမှ တရားမဝင်သစ်များ တာချီလိတ်မှတဆင့် မဲခေါင်မြစ်အသုံးပြုကာ တရုတ်ဘက်သို့ မှောင်ခိုတင်ပို့နေ

မိုင်းတုံမြို့နယ်အနီးတဝိုက်မှ ခိုးထုတ်လာသည့် သစ်များကို ရှမ်းအရှေ့မှ မြို့နယ်များကို ဖြတ်ကာ တာချီလိတ်မှတဆင့် မဲခေါင်မြစ်အတိုင်း သင်္ဘောဖြင့် တင်ဆောင်ပြီး တရုတ်န...

မိုင်းတုံမြို့နယ်အနီးတဝိုက်မှ ခိုးထုတ်လာသည့် သစ်များကို ရှမ်းအရှေ့မှ မြို့နယ်များကို ဖြတ်ကာ တာချီလိတ်မှတဆင့် မဲခေါင်မြစ်အတိုင်း သင်္ဘောဖြင့် တင်ဆောင်ပြီး တရုတ်နိုင်ငံသို့ မှောင်ခိုတင်ပို့နေကြောင်းသိရသည်။ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ၁၀ ဘီးကား ၅စီးစာ သစ်များကို တာချီလိတ်မြို့နယ်၊ ကျိုင်းလတ်မြို့ဆိပ်ကပ်မှ တဆင့် မဲခေါင်မြစ်အတိုင်း သင်္ဘောဖြင့် တင်ဆောင်သွားကြောင်း ယင်းလုပ်ငန်းမှ သတင်းရင်းမြစ်များက ပြောသည်။တရားမဝင်သစ်များကို မှောင်ခိုတင်ပို့သူမှာ အားချင်ဆိုသည့် ကုန်သည်ဖြစ်ပြီး မိုင်းတုံမှတဆင့် မိုင်းဆတ်၊ မိုင်းခုတ်သို့ တင်ဆောင်ပြီး ဘူရှီးလမ်းခွဲမှတဆင့် မိုင်းဖြတ်မြို့ကို ဝင်ကြောင်း၊ ယင်းမှတဆင့် တာလေ-ကျိုင်းလတ် လမ်းကြောင်းအတိုင်း သယ်ဆောင်ပြီးမဲခေါင်မြစ်ဆိပ်ကမ်းသို့ သယ်ဆောင်သွားခြင်းဖြစ်ကြောင်း လမ်းကြောင်းအခြေအနေ သိသူတစ်ဦးကပြောသည်။





news-view-count-icon

28