back

ဇမ္ဗူသီရိမြို့နယ်ရှိ မင်္ဂလာကန်ဝန်းကျင်နှင့် ပန်းခြံအတွင်း စိမ်းလန်းစိုပြည်ရေးဆောင်ရွက်နေ

May 02 • 1:24 PM

breaking-news

မြန်မာ

နေပြည်တော်

cover

ဇမ္ဗူသီရိမြို့နယ်ရှိ မင်္ဂလာကန်ဝန်းကျင်နှင့် ပန်းခြံအတွင်း စိမ်းလန်းစိုပြည်ရေးဆောင်ရွက်နေ

မန္တလေးငလျင်ကြီးဒ-ဏ်ကြောင့် ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သည့် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ မင်္ဂလာကန်ဝန်းကျင်နှင့် ပန်းခြံအတွင်း စိမ်းလန်းစိုပြည်ရေးလုပ်ငန်းမျာ...

မန္တလေးငလျင်ကြီးဒ-ဏ်ကြောင့် ပျ-က်စီးမှုများဖြစ်ပေါ်ခဲ့သည့် နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်ရှိ မင်္ဂလာကန်ဝန်းကျင်နှင့် ပန်းခြံအတွင်း စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများကို သက်ဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက်လျက်ရှိသည်။ထို့ပြင် မင်္ဂလာကန်ပတ်လမ်းရှိ Pergola တွင်ထွန်းညှိထားသည့် LED မီးတန်းများအသစ်တပ်ဆင်ခြင်း၊ နာရီစင်အဆင့်မြှင့်တင်ခြင်း၊ မင်္ဂလာကန် (၃) ဖက်ခြမ်းရှိ ပျ-က်စီးနေသော ကန်ပတ်လမ်းပြုပြင်ခြင်း၊ အများပြည်သူကျန်းမာရေးအတွက် အားကစားလေ့ကျင့်သည့်နေရာတွင်ပျ-က်စီးနေသော အားကစားလေ့ကျင့်ရေးဆိုင်ရာအထောက်အကူပြုပစ္စည်းများကို စနစ်တကျ ပြန်လည်အစားထိုးတပ်ဆင်ခြင်းတို့ကိုလည်း ဆက်လက်ပြုလုပ်သွားမည်ဖြစ်သည်။ထိုသို့ ပြုလုပ်နေခြင်းကို ရက်ပေါင်း (၁၀၀) အတွင်း ဆောင်ရွက်မည့်လုပ်ငန်းများတွင်ထည့်သွင်းလျာထားဆောင်ရွက်သွားမည်ဖြစ်သည်။



news-view-count-icon

54