back

တာချီလိတ်မြို့တွင် ဆိုင်ကယ်သူခိုး (၃) ဦးနှင့် အတူ ခိုးရာပါ ဆိုင်ကယ် (၈) စီးအား ဖမ်းဆီးရမိ

May 02 • 1:46 PM

breaking-news

မြန်မာ

ရှမ်း

cover

တာချီလိတ်မြို့တွင် ဆိုင်ကယ်သူခိုး (၃) ဦးနှင့် အတူ ခိုးရာပါ ဆိုင်ကယ် (၈) စီးအား ဖမ်းဆီးရမိ

တာချီလိတ် မြို့ပေါ် ရပ်ကွက်များအတွင်း ဆိုင်ကယ်ခိုးမှုများစွာ ဖြစ်ပွားနေသဖြင့် တာချီလိတ် ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ချမ်းမြေ့ဝင်း ၏ ညွန်ကြားချက်အရ မြိ...

တာချီလိတ် မြို့ပေါ် ရပ်ကွက်များအတွင်း ဆိုင်ကယ်ခိုးမှုများစွာ ဖြစ်ပွားနေသဖြင့် တာချီလိတ် ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ချမ်းမြေ့ဝင်း ၏ ညွန်ကြားချက်အရ မြို့နယ်ရဲတပ်ဖွဲ့မှုး ရဲမှူး ဝင်းမျိုးဟိန်း အနီးကပ်ကြီးကြပ်မှုဖြင့် ဟောင်လိတ် နယ်မြေ ရဲစခန်းမှ စခန်းမှူး ပါဝင်သော နယ်ထိန်းရဲတပ်ဖွဲ့ဝင်များတို့သည် သက်သေများနှင့်အတူ တာချီလိတ်မြို့ ပေါ်ရပ်ကွက်များအတွင်း လှည့်ကင်းဆောင်ရွက်နေစဉ် ဆိုင်ကယ်ခိုးမှုဖြင့် ပြစ်ဒဏ်ကျခဲ့ဖူးသူ အာကာ ၊ကျော်ကျော် (ခ) ကောက်ကွေး နှင့် ခန့်သူရလင်း (ခ) အငယ်ကောင် တို့ ၃ ဦး အား ဆိုင်ကယ်စီးလာစဥ် မသင်္ကာဖွယ်တွေ့ရှိ၍ စီစစ်မေးမြန်းရာမှ Thai နိုင်ငံထုတ် Honda အမျိုးအစား၊ ဆိုင်ကယ် ၃ စီး နှင့်အတူ ဖမ်းဆီးရမိခြင်းဖြစ်ရာ ဆက်လက်၍ စစ်ဆေးချက်အရ ၄င်းတို့ ခိုးယူခဲ့သော နောက်ထပ် ဆိုင်ကယ် ၅ စီး တို့အား ထပ်မံ သိမ်းဆည်းရမိ သဖြင့် ခိုးယူထားသည့် သက်သေခံ ဆိုင်ကယ်မျိုးစုံ စုစုပေါင်း (၈) စီး တို့အား ဖော်ထုတ် ဖမ်းဆီး သိမ်းဆည်း ရမိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။အဆိုပါ ဆိုင်ကယ်များခိုးယူခဲ့သူ ၃ ဦးတို့အား ဥပဒေနှင့်အညီ အမှုဖွင့် အရေးယူဆောင်ရွက်ထားရှိ၍ ကွင်းဆက် ခိုးရာပါ ဆိုင်ကယ်များအား ဆက်လက် စုံစမ်းဖော်ထုတ်လျက်ရှိရာ ဆိုင်ကယ်ပျောက်ဆုံးထားသူ များအား ရှာဖွေ၍ ပိုင်ရှင်များထံပြန်လည်အပ်နှံနိုင်ရေး စိစဥ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။




news-view-count-icon

41